ဘုန်းဘုန်းအရှင်ဆေကိန္ဒရဲ့ ကျောင်းမှာ အာရုံဆွမ်းနဲ့နေဆွမ်းကပ်လှူခဲ့တဲ့ မေဦးနဲ့ ဟန်လင်း

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် စုံတွဲလေးဖြစ်တဲ့ မိတ်ကပ်ပညာရှင်မေဦးနဲ့ ဟန်လင်းတို့ စုံတွဲလေးကတော့ လတ်တလောမှာ ဆရာတော် ဘုန်းဘုန်း အရှင်ဆေကိန္ဒရဲ့ ကျောင်းမှာ အလှူလေးတစ်ခုသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ဘုန်းဘုန်းနဲ့ ကျောင်းရှိသံဃာတော်တွေကို အာရုံဆွမ်းနဲ့ နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။

အခုလို လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ မေဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူတို့ စုံတွဲလေးကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ မေဦးနဲ့ ဟန်လင်းတို့ နှစ်ယောက်ကတော့ အခုလို ဆရာတော် ဘုန်းဘုန်း အရှင်ဆေကိန္ဒရဲ့ ကျောင်းမှာ အာရုံဆွမ်းနဲ့ နေ့ဆွမ်းကို တစ်လ တစ်ကြိမ်ပုံမှန်ကပ်လှူနေခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာဆိုရင်တော့ (၄)ကြိမ်မြောက်ဆွမ်းကပ်အလှူလေးပဲဖြစ်ပါတယ်။

မေဦးနဲ့ ဟန်လင်းတို့ စုံတွဲလေးလည်း နောက်နောင်ဒီထက်မကလှူဒါန်းမှုတွေဆက်လက်ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း သူတို့စုံတွဲလေးရဲ့ ဖြူစင်မွန်မြတ်လှတဲ့ အလှူလေးကို CeleGabar ပရိသတ်ကြီးတွေလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် CeleGabarကနေ ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။

Chilli – CeleGabar
Source – May Oo