ရောဂါပိုးတွေ အိမ်ထဲမဝင်အောင် လုပ်ထားသင့်တဲ့နည်းလမ်းလေးမျှဝေခဲ့တဲ့ ဒေါ်သီသီဝင်း

Posted on

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့စည်ဖြိုးရဲ့မိခင်ဖြစ်သူကတော့ အလှူအတန်းမပြတ်လုပ်နေသူပီပီ ဒီနေ့မှာလည်း ပန်းတနော်မြို့နယ် ကျတ်ကျွန်းကျေးရွာနဲ့ ဝေယံကျေးရွာ အတွင်းမှာ စေတီတော်များတည်ထားရန် လုပ်အားပေးနေကြတဲ့ မိသားစုတွေကို အာဟာရဒါနနဲ့ ကျန်းမာရေးအရကာကွယ်ရန် Mercy Handgel လှူဒါန်းပေးခဲ့ပြီး ဘုန်းဘုန်းတွေအတွက်လည်း နဝကမ္မအလှူငွေကပ်လှူပေးခဲ့ပါတယ်။

ဒါ့အပြင် လတ်တလောပြည်သူတွေကြောက်ရွံ့နေရတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့အန္တရာယ်ကို အနည်းနဲ့အများ ကာကွယ်နိုင်အောင် နည်းလမ်းကောင်းလေးကို အကြံပြုမျှဝေပေးခဲ့ပါတယ်။ ရှေးခေတ်ကတည်းက မီးဖိုချောင်သုံးပစ္စည်းအနေနဲ့သာမက ဆေးအဖြစ်ပါမှီဝဲသုံးစွဲလာခဲ့ကြတဲ့ ကြက်သွန်နီကို ရောဂါကာကွယ်ပေးဖို့အတွက်လည်း အသုံးပြုနိုင်ကြောင်း ဆရာတော်ကြီးတွေရဲ့သြဝါဒနဲ့ သူ့ရဲ့အတွေ့အကြုံတွေအရ အကြံပြုပေးခဲ့ပါတယ်။

ဒါ့အပြင် ရေများများသောက်ကြဖို့နဲ့ အခုလိုကြက်သွန်နီနည်းလမ်းလေးကို သာမန်ရောဂါတွေအတွက် အသုံးပုနိုင်ရုံမက နေအိမ်အဝင်ဝမှာပါ ထိပ်ကလေးဖြတ်၊လေးခြမ်းခွဲပြီး ထားခြင်းဖြင့် တော်ရုံရောဂါပိုးမဝင်နိုင်ကြောင်း မေတ္တာနဲ့အကြံပြုမျှဝေပေးခဲ့တဲ့ အန်တီဒေါ်သီသီဝင်းရဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – E Thi

Rainbow- Cele Gabar