ကိုယ်တိုင်ချက်ဂဏန်းဟင်းပွဲကို မထင်မှတ်လောက်အောင် မှာယူသူများခဲ့တာကြောင့် ပျော်နေတဲ့ မြတ်သူကျော်

Posted on

ပရိသတ်ရဲ့အချစ်တော်မင်းသားချောမြတ်သူကျော်ကတော့ မြင့်မားတဲ့အရပ်နဲ့ယောကျ်ားပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ယောက်မို့ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းကို ရရှိထားသူပါ။ အနုပညာအလုပ်တွေခပ်ကျဲကျဲသာ လုပ်ဖြစ်တော့ပေမယ့် အားပေးနေတဲ့ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် တနေ့တာအကြောင်းအရာလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။

ကိုဗစ်ကာလစတင်ကတည်းက အိမ်ထဲမှာပဲနေပြီး တနေ့တမျိုးမရိုးနိုင်အောင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ကာ ပရိသတ်တွေကိုလည်း သူ့ရဲ့လက်ရာလေးတွေကို မျှဝေပေးနေပြီး မနေ့ကတော့ ဂဏန်းချက်စားရင်း ပရိသတ်ကြီးကိုပါ စားစေချင်တာမို့ မှာယူနိုင်ကြောင်း မျှဝေခဲ့ပါတယ်။ ဂဏန်းဆိုဒ်ကြီး လေးကောင် ပြောင်းဖူး၊ အပ်မှိုတို့ပါဝင်တဲ့ ဂဏန်းမဆလာချဉ်စပ်တစ်ပွဲကို တစ်သောင်းကျပ်နဲ့ရောင်းချပေးသွားမယ့်အကြောင်း ရေးသားခဲ့ပါတယ်။

ကိုယ့်လက်ရာလေးစားစေချင်လို့သာ မျှဝေခဲ့ပေမယ့် သူကိုယ်တိုင်မထင်မှတ်ထားလောက်အောင် မှာယူကြပြီး ပွဲ(၅၀) ထိ အော်ဒါလက်ခံရခဲ့တာမို့ မြတ်သူကျော်ကတော့ ” ဂဏန်းချက်စားရင်း အရသာကောင်းလို့စားစေချင်လို့ Order ကောက်လိုက်တာ ပွဲ (၅၀) တောင် တက်လာတယ်.. မနက် ဖြန်ပို့ပေးရတော့မယ် OMO OMO” ဆိုပြီး ပျော်ရွှင်စွာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။


Source – Myat Thu Kyaw
Rainbow- Cele Gabar