ပရိသတ်တစ်ယောက်ရဲ့ မွေးနေ့အတွက် အံ့သြသွားအောင် Surprise လုပ်ပေးခဲ့တဲ့ ဟိန်းထက်

ငွေစက္ကူ (၇) ရက်ဆိုတဲ့ ဇာတ်လမ်းတွဲ ကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ မင်းသားချောလေး ဟိန်းထက်ကတော့ ဇာတ်လမ်းတွဲပေါင်းများစွာမှာပါဝင် ထားပြီး အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ယောက်ပါ ။ အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုတ်ဝန်းရံခြင်းခံနေရတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ် ။

ဟိန်းထက်ကတော့ ပရိသတ်တွေကို ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေးဆက်ဆံ တတ်တဲ့မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ။ လတ်တလောမှာတော့ ဟိန်းထက်တစ်ယောက် သူ့ရဲ့ ပရိသတ်တစ်ယောက်ကို မွေးနေ့ Surprise အဖြစ် သွားရောက်တွေ့ဆုံခဲ့တဲ့ Video လေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သူတို့အပြုံးလေးတွေက ကျွန်တော့ ကမ္ဘာပဲ ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေပေးခဲ့တာဖြစ်ပြီး Surprise လုပ်ခံရတဲ့ ပရိသတ်ကောင်မလေးကို တခြား Hily တွေကလည်း အားကျနေကြကြောင်း မှတ်ချက်တွေရေးသားထားတာလည်းတွေ့ရပါတယ် ။ မသိသေးတဲ့ Hily လေးတွေ အားကျသွားအောင် Surprise video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/permalink.php?story_fbid=982850722141062&id=100012484308288

Source : Hein Htet
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x