ဆိုက္ကားဆရာများ ၊ သက်ကြီးဘိုးဘွားတွေကို ဆန် ဖိနပ်နဲ့ ထီလက်မှတ်တွေလှူဒါန်းခဲ့တဲ့ ယုန်လေး

Posted on

ပရိသတ်ကြီးရေ ..မကြာသေးမီကမှ အခက်ခဲတွေရင်ဆိုင်ခဲ့ရပြီး ပရိသတ်အားပေးမှုနဲ့ ပြန်လည် ရပ်တည်လာခဲ့တဲ့ အဆိုတော် ယုန်လေးကတော့ မကြာခဏ ဆိုသလို လှူဒါန်းမှုတွေ ပြုလုပ်တတ်ပြီး လက်ရှိမှာလည်း တတ်နိုင်သမျှ ဆက်လက်လှူဒါန်းနေတုန်းပါပဲ ပရိသတ်ကြီးရေ ..။ အဆင်မပြေတဲ့ ခက်ခဲနေတဲ့ သူတွေအတွက် ရှေ့ဆုံးက ရပ်တည်ပေးချင်တဲ့ ယုန်လေးရဲ့ စိတ်ဓာတ်ကတော့ တကယ်လေးစားစရာပါ ။

လတ်တလောမှာတော့ ဆိုက္ကားဆရာများ နဲ့သက်ကြီးဘိုးဘွားတွေကို ဆန် ၊ ဆီ ၊ ဖိနပ်နဲ့ ထီလက်မှတ်များလှူဒါန်းခဲ့တယ်လို့သိရှိရပါတယ် ။ လူရွှင်တော် ဒိန်းဒေါင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ယုန်လေး တစ်ယောက် သက်ကြီးလူရွှင်တော် တွေအတွက် ဆန် ဆီ ဆား ဖိနပ်နဲ့ ထီလက်မှတ်တွေလှူဒါန်းခဲ့ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရေးသားထားတာတွေ့ရပါတယ် ။ ယုန်လေးကိုအပြတ်သတ် ဝန်းရံအားပေးခဲ့ကြတဲ့ ပရိသတ်တွေကတော့ ယုန်လေးကို ခုလို မြင်တွေ့ရတာ ပီတိဖြစ်သလို သာဓုလည်း ခေါ်ဆိုတဲ့အကြောင်းမှတ်ချက်တွေရေးသားထားကြတာတွေ့ရပါတယ် ။

အနုပညာအလုပ်တွေ ရပ်နားထားရပေမယ့် လတ်တလော ရရှိတဲ့အနုပညာကြေးလေးတွေနဲ့ တတ်နိုင်သလောက် လေး ပါဝင်လှူဒါန်းတာကိုတွေ့ရတဲ့အတွက် ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်နေကြတာပါ ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ ယုန်လေးရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)