နောက်လ (၉) ရက်နေ့မှာ စုဆောင်းထားတာလေးတွေနဲ့ မိန်းမတင်တောင်တော့မယ်ဆိုတဲ့ အဆိုတော် Nine One

Posted on

စလုံးကချစ်သူ သီချင်းနဲ့ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြရတဲ့ အဆိုတော် နိုင်းဝမ်းကတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ချစ်သူသက်တမ်း (၁၁) နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ် ။ ချစ်သူကောင်မလေးဖြစ်တဲ့ မမေမျိုးကျော်သူ ကို နှစ်ဖက်မိဘချင်း စေ့စပ်ကြောင်းလမ်းခဲ့ကြတာဖြစ်ပြီး မကြာခင် မင်္ဂလာပွဲလေးကို မြင်တွေ့ကြရတော့မှာပါ ။

လတ်တလောမှာတော့ နောက်လ (၉) ရက်နေ့မှာ စုဆောင်ထားတာလေးတွေနဲ့ မိန်းမ သွားတင်တောင်းတော့မှာဖြစ်တယ်လို့ နိုင်းဝမ်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။ ဒါ့အပြင် မိခင်ဖြစ်သူက ရန်ကုန်မလာနိုင်တဲ့အတွက် သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကို လိုက်ခဲ့ကြပါဦးလို့ လည်းတောင်းဆိုထားတာတွေ့ရပါတယ် ။ ကိုဗစ်မတိုင်မီက အမျိုးသားနေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်မပြီးတော့ လက်မှတ်ထိုးဖို့ပဲ စီစဉ်လိုက်ရတာဖြစ်တယ်လို့သိရပါတယ် ။

မင်္ဂလာပွဲအတွက် အားလုံး စီစဉ်ထားပြီးပြီ ဖြစ်ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ ရောဂါအခြေနေတွေ ကြောင့် မင်္ဂလာပွဲကိုနောက်ဆုတ်ထားရတာဖြစ်ပေမယ့် လာမယ့် (၉)ရက်နေ့မှာတော့ တောင်းရမ်းတော့မှာဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။ ပရိသတ်အချစ်တော် နိုင်းဝမ်းကတော့ လူပျိုကြီးဘဝကို အစွံထုတ်သွားပြီဖြစ်လို့ ဂုဏ်ပြုစကားလေးတွေရေးပေးခဲ့ပါဦးနော် ..။

Source : Nine One
Emily (Cele Gabar)