ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိသတ်ရဲ့အချစ်တော် အိုင်ရင်းဇင်မာမြင့်

Posted on

ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၂၉) ရက်နေ့လေးကတော့ အဆိုတော်အိုင်ရင်းဇင်မာမြင့်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ အိုင်ရင်းကတော့ မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အသိမှတ်ပြုအားပေးတဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာခဲ့သူပါ။

အိုင်ရင်းကတော့ ဒီနေ့မွေးနေ့လေးအတွက် ရည်စူးပြီးလွန်ခဲ့ရက်ပိုင်းကမှ အမျိုးသားမျက်စိဘဏ်မှာ မျက်ကြည်လွှာလှူဒါန်းပေးခဲ့ပါသေးတယ်။ မျက်စိအလင်း မမြင်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ဒီအလှူလေးကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး နောက်နှစ်တွေမှာလည်း သူ့ခန္ဓာကိုယ်က ဘာလှူဒါန်းပေးရမလဲ စဉ်းစားနေတဲ့အကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေးမှာ ” ပျော်ရွှင်ဖွယ်ရာ ကျမမွေးနေ့ဖြစ်ပါစေကွယ်… ဒီနေ့မှာကျရောက်တဲ့ ဖွားဖက်တော်များအားလုံး ပျော်ရွှင်ကြပါစေ” ဆိုပြီးတော့ မွေးနေ့တူလေးတွေပါ ကျန်းမာပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ဘဝကိုစိတ်ချမ်းသာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အိုင်ရင်းရေ…


Source – Irene Zin Mar Myint
Rainbow- Cele Gabar