အချစ်ဆုံးသူငယ်ချင်းကို တန်ဖိုးထားဖို့အတွက် ပြောပြလာတဲ့ ယဉ်လတ်

Posted on

အက်ရှင်နဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်လာတဲ့ မင်းသမီးချောလေး ယဉ်လတ်ကတော့ စစ်ကိုမုန်း၍ တိုက်ခဲ့သည်ကားနဲ့ ပရိသတ်အားပေးလက်ခံမှုတခဲနက်ရရှိလာသူလေးပါ ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သွက်သွက်လက်လက် ချစ်စဖွယ်အပြုမူလေးတွေကြောင့် ပရိသတ်တွေ အသည်းစွဲချစ်နေရသူလေးဆိုလည်းမှားမယ်မထင်ပါဘူး ။ ဒါ့အပြင် သွားလေရာ ဓာတ်ပုံလိုက်ရိုက်ပေးတတ်တဲ့ ယဉ်လတ်ရဲ့ ဖေဖေကြောင့် ပရိသတ်တွေက သူမရဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်အားပေးနေရတယ်လို့ဆိုရမှာပါ ။

လတ်တလောမှာတော့ BFF Goal လေးတစ်ခုရိုက်ကူးပြီး ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ အခင်ဆုံး သူငယ်ချင်းအရင်းကြီးနဲ့ ချစ်စရာပုံလေးတွေ အမှတ်တရ ရိုက်ကြပါ .. ဘဝမှာ သူငယ်ချင်းကောင်းဆိုတာ အရေးပါတယ်မလား ? ကိုယ့် BFF တွေကို ပိုတန်ဖိုးထားနိုင်ကြပါစေ . . ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အချစ်ဆုံး သူငယ်ချင်းနဲ့အတူ ချစ်စဖွယ် ဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ ယဉ်လတ်လေးကိုရော သူမ သူငယ်ချင်းကိုရော အရမ်းကိုချစ်စရာကောင်းကြတယ်ဆိုတဲ့ မှတ်ချက်လေးတွေနဲ့အတူ သူတို့မှာလည်း ဒီလိုသူငယ်ချင်းမျိုးတွေရှိကြောင်း ပြန်လည်ရေးသားထားကြတာတွေ့ရပါတယ် ။ ယဉ်လတ်ကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် BFF Goal ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yin Let
Emily (Cele Gabar)