မကြာသေးမီကမှ လူမှုကွန်ရက်စာမျက်မှာ ရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အဘွားအိုတစ်ယောက်ကို အသက် ၂၀အရွယ် အမျိုးသမီးငယ်လေးက လုယက်ခဲ့တယ်ဆိုတဲ့ သတင်းပါပဲ ။ ရေကျော် City mart အိမ်သာအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အကြောင်းရင်းမှန် က ဘာကြောင့်လဲ မသိရသေးပေမယ့် ကောလဟာလတွေ လည်းအမျိုးမျိုးထွက်ပေါ်နေခဲ့ပါတယ် ။

ပရိသတ်အချစ်တော် မင်းသမီးချောလေး မြနှင်းရည်လွင် ကလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဒီလုယက်မှု ဖြစ်စဉ်ကို မေးခွန်းထုတ် ထားတာတွေ့ရပါတယ် ။ ရေကျော် city mart အိမ်သာအတွင်းမှာဖြစ်ပွားခဲ့တဲ့လုယက်မှုဖြစ်စဉ် အမှန်ကိုသိချင်ပါတယ် တရားခံမိန်းကလေးငယ်မှာရော ပြစ်မှုဟောင်းပြစ်ချက်ဟောင် းရာဇဝင်ရောရှိခဲ့ဖူးလား?? ဆိုတဲ့ စာသားနဲ့အတူ ဒီဖြစ်စဉ်ကို မေးခွန်းထုတ်ပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကလည်း ဘယ်ဖြစ်စဉ်က အမှန်လဲ ဆိုတာ သေချာမသိသေးပဲ အမျိုးမျိုးထွက်ပေါ်နေတဲ့ ကောလ ဟာလတွေအကြောင်းကို သူမကို ပြန်လည်ရှင်းပြနေကြတာကိုလည်းတွေ့ရပါတယ် ။ ဘာ့ကြောင့် ပဲ ဖြစ်ဖြစ် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေလို့ ဆန္ဒပြုပါတယ် ပရိသတ်ကြီးရေ ..။
Source : Mya Hnin Yee Lwin
Emily (Cele Gabar)