စိုးပြည့်သဇင်ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်လုံးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ နာမည်ပျက်မရှိတဲ့အပြင် အနုပညာအလုပ်တွေကိုပဲ အချိန်ပေးရင်း ပရိသတ်အတွက်ကြိုးစားနေသူလေးမို့ အမာခံပရိသတ်အင်အားများသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ လူချစ်လူခင်ပေါတဲ့မင်းသမီးတစ်လက်ဖြစ်ပေမယ့်လည်း အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ မလိုမုန်းထားသူတွေရဲ့ အပုတ်ချတိုက်ခိုက်ခြင်းကို ခံနေရကြောင်းကို စိုးပြည့်သဇင်ကတော့ မနေ့ညက ရင်ဖွင့်လာခဲ့ပါတယ်။
“စိုးပြည့်ကိုချစ်ခင်တဲ့သူငယ်ချင်းမိတ်ဆွေများ…fansများ..followerများအားလုံးကိုအသိပေးချင်တာလေးရှိပါတယ်ရှင့်….စိုးပြည့်ရဲ့အကောင့်ကိုcomment ပိတ်ရပါတော့မယ်ရှင့်…ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့..(၆)လ၊(၇)လလောက်ကစပြီး…စိုးပြည့်ရဲ့ယခုaccမှာရော…pageမှာပါ…အကောင့်မျိုးစုံဖွင့်ပြီး..အမေ..ညီမ..မိန်းကလေးများမကြားအပ်တဲ့..မမြင်အပ်တဲ့စကားလုံးများနဲ့..commentရေးပြီး…နှောက်ယှက်ခဲ့ပါတယ်ရှင့်…အဲ့ဒီထဲကမှအင်မတန်အယဉ်ကျေးဆုံးcommentများသာပြထားပါတယ်… ဒီထက်ဆိုးလွန်းတာတွေကြီးပါပဲ….ဘယ်ကစတာလဲဆိုရင်တော့… စိုးပြည့်နာမည်နဲ့ဘေလ်လိမ်ရာကနေ… fansတွေကစိုးပြည့်မဟုတ်မှန်းသိသွားပြီး….fansများနဲ့ကတောက်ကဆဖြစ်ကြတယ်… အဲ့ချိန်ကစလို့….accမှာရော..pageမှာပါနှောက်ယှက်ခဲ့ပါတယ်… ဘဝမှာတခါမှတော့မကြုံခဲ့ဖူးပါဘူး…ဝေဖန်တယ်ဆိုတာအနုပညာရှင်တိုင်းကြုံတွေ့ရသလိုလက်ခံရပါတယ်… ဒါပေမဲ့လည်းဒီလိုတော့မကြုံဖူးဘူးပေါ့နော်…ဒီပိုစ့်ကိုလည်းစိုးပြည့်မတင်ချင်ပါ….
ဒါပေမဲ့သူအကောင့်အသစ်တွေဖွင့်ပြီး ရိုင်းပျစွာmentတိုင်း စိုးပြည့်အကောင့်ထဲကမိတ်ဆွေများကို အင်မတန်အားနာမိပါတယ်…မဖတ်ဝံ့တဲ့စကားလုံးတွေကြောင့် မိန်းကလေးတစ်ဦးအနေနဲ့ရှက်ရွံ့ပါတယ်… စိတ်မကောင်းလည်းဖြစ်မိပါတယ်… ဒါပေမဲ့စိုးပြည့် မတုန့်ပြန်ခဲ့ဘဲအေးဆေးစွာနေခဲ့ပါတယ်…. အမြင်မတော်တဲ့commentတွေကိုပဲ ဖျက်ခဲ့လိုက်ပါတယ်….ကိုယ့်ကိုချစ်ခင်လို့commentပေးသူများအတွက်comment boxကိုလည်းမပိတ်ခဲ့ပါဘူး….. ရိုင်းပျတာတွေဝင်ရေးမှာစိုးလို့blockလည်းနောက်တစ်ကောင့်နဲ့ထပ်ပြီး နှောက်ယှက်ပါတယ်… ခုပိုဆိုးတာကစိုးပြည့်ပရိုဖိုင်ပုံ.. စိုးပြည့်နာမည်တစ်ပုံစံထဲပြုလုပ်ပြီး… ပရိသတ်တွေရဲ့ကွန်မန့်အောက်မှာရိုင်းပျတာတွေ…ရေးသားတဲ့အတွက်…. တချို့မသိသောပရိသတ်များကစိုးပြည့်ကrpကိုရိုင်းစိုင်းစွာပြန်တယ်လို့ စိတ်မကောင်းဖြစ်ကြမှာစိုးလို့.. .စိုးပြည့်comment ပိတ်လိုက်ပါပြီရှင်…. ချစ်တဲ့သူများ..follwersများကိုအလေးထားချစ်ခင်လို့ဒီစာကိုရေးသားခြင်းဖြစ်ပါတယ်ရှင်…. အားလုံးကိုတောင်းပန်ပါတယ်ရှင်… .ကျေးဇူးလည်းအများကြီးတင်ပါတယ်…စိုးပြည့်ကိုနားလည်ပေးကြပါနော် ကံ..ကံ၏အကျိုးကိုစိုးပြည့်အင်မတန်ယုံကြည်သက်ဝင်ပါတယ်” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။
ပရိသတ်ကြီးရေ.. အနုပညာရှင်တစ်ယောက်မို့ ချစ်သူ၊မုန်းသူရှိမှာ အမှန်ဆိုပေမယ့်လည်း ကိုယ့်အကျိုးစီးပွားအတွက် အခုလိုအကွက်ကျကျ လိုက်တိုက်ခိုက်နေတာကတော့ အင်မတန်ယုတ်ညံ့တဲ့အလုပ်တွေပါပဲနော်။ စိုးပြည့်သဇင်ကတော့ ဟိုးအရင်တုန်းကတည်းက မှတ်ချက်ပေးရေးသားကာ အားပေးလေ့ရှိတဲ့ပရိသတ်တွေအတွက် Comment Box ကိုပိတ်လေ့မရှိပေမယ့်လည်း အခုတော့မဖြစ်မနေပိတ်ရတော့မယ့်အကြောင်း အသိပေးမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
Source – Soe Pyae Thazin
Rainbow- Cele Gabar