မော်ဒယ်လ်မင်းသားချောပိုင်တံခွန်ကတော့ အပြုံးချိုချိုလေးတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံမှာသာမက နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာပါ အမိုက်စားမော်ဒယ်လ်မင်းသားချောလေးအဖြစ် သည်းသည်းလှုပ်အားပေးနေကြတာလည်း ဖြစ်ပါတယ်။
အခုဆိုရင်တော့ ကပ်ရောဂါဆိုးကြီးကြောင့် အသွားအလာတွေကန့်သတ်ပိတ်ပင်ထားရတဲ့အခြေအနေပါ။ ဒီလိုအခြေအနေမှာတော့ ပိုင်တံခွန်တစ်ယောက်ပရိသတ်တွေနဲ့ပြန်လည်တွေ့ဆုံချင်ပြီး အလုပ်တွေပြန်လုပ်ချင်နေပုံရပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မကြာခင် မြန်မာက ပရိတ်သတ်တွေနဲ့ရော ထိုင်းက ပရိတ်သတ်တွေနဲ့ရော အရင်လို ပြန်တွေ့ကြမယ်နော်” ဆိုပြီးတော့ အရင်ကပုံရိပ်လေးတွေနဲ့အတူဖော်ပြလာတာပါ။
ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံအပြင် ထိုင်းကပရိသတ်တွေကိုပါပြန်ဆုံချင်နေပြီလို့ဆိုပါတယ်။ ကပ်ရောဂါဆိုးကြီးကိုတားဆီးနိုင်ပြီး လူတွေအားလုံးလွတ်လွတ်လပ်လပ်ပြန်လည်ရှင်သန်ရမယ့်နေ့တွေမှာတော့ ပိုင်တံခွန်တစ်ယောက်ပရိသတ်တွေနဲ့တွေ့ဆုံပြီး ပြန်လည်ပျော်ရွှင်ရမှာဖြစ်တာကြောင့် အတွေးတွေနဲ့ကြည်နူးနေပုံပါပဲ..
Source : PaingTakhon