မြန်မာသံသီချင်းလေးနဲ့ ဒိုင်လေးယောက်စလုံးရဲ့အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ ခင်ရတနာစိုး

ကိုဗစ်ကပ်ရောဂါကြောင့် ထုတ်လွှင့်ပြသချိန် နောက်ဆုတ်ခဲ့ရတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ Season-3 ပြိုင်ပွဲကြီးကို စတင်ခဲ့တာ Blind Audition နှစ်ပတ်မြောက်ခဲ့ပါပြီ။ ပြိုင်ပွဲစဉ်နှစ်ပတ်စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဂီတဝါသနာရှင်တွေရဲ့ယှဉ်ပြိုင်မှုကတော့ ပရိသတ်ကြီးကို စိတ်ကျေနပ်မှုရစေခဲ့မှာ အမှန်ပါပဲနော်။

ဒီလိုအရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေထဲကမှ ဒုတိယအပတ် Blind Audition မှာ ရေပန်းအစားခဲ့ဆုံးပြိုင်ပွဲဝင်ကတော့ ဒိုက်ဦးသူလေး ခင်ရတနာစိုးပါ။ မြန်မာသံတေးသီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ “ငယ်ကျွမ်းဆွေ” သီချင်းကို အပိုင်နိုင်ဆုံးသီဆိုခဲ့တာကြောင့် အချိန်တိုအတွင်းမှာ ဒိုင်လေးယောက်စလုံးရဲ့လှည့်ကြည့်ခြင်းကို ရရှိခဲ့တာပါ။ သူကတော့ အသက်(၂၀) သာရှိသေးပေမယ့် မြန်မာသံသီချင်းလေးကို အဓိကရွေးချယ်ဖြစ်ခဲ့တာကတော့ The Voice Myanmar ပြိုင်ပွဲကြီးမှာ မြန်မာသံရော ခေတ်ပေါ်သီချင်းရော သီဆိုနိုင်တာကို ပြသချင်လို့်ပါတဲ့ ပရိသတ်ကြီးရေ…

သူ့ရဲ့မိသားစုတစ်ခုလုံးက ဂီတကိုဝါသနာပါသလို အခုလိုသီချင်းဆိုတတ်ဖို့ အမြဲသင်ကြားပေးနေတဲ့ သူ့ရဲ့အမေကိုလည်း စင်ပေါ်ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်တဲ့ ခင်ရတနာစိုးကတော့ The Voice Myanamr စင်မြင့်ထက်မှာ မေမေနဲ့အတူ သီချင်းဆိုခွင့်ရတဲ့အပြင် မြန်မာသံသာမက ခေတ်ပေါ်သီချင်းနဲ့ပါ အမိုက်စားထပ်မံဖျော်ဖြေခဲ့တဲ့ ခင်ရတနာစိုးရဲ့ယှဉ်ပြိုင်မှုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source- The Voice Myanmar
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x