မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့အဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ်ရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ The Voice ရဲ့သူများနဲ့မတူတဲ့အရာလေးဖြစ်တဲ့ Blind Audition ပြိုင်ပွဲရဲ့ ပထမအပတ်မှာကတည်းက ပါရမီရှင်တွေကို တွေ့မြင်ခဲ့ရသလို ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားလေးအဖြစ် အဆိုတော်နေနေရဲ့ခင်ပွန်းပါ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အဆိုတော်ချမ်းချမ်းနဲ့ နေနေ တို့ကတော့ ဂီတလောကမှာ နာမည်တစ်ခုရထားတဲ့ အဆိုတော်ညီအစ်မပါ။ ဒီအပတ်ပြိုင်ပွဲမှာတော့ အဆိုတော်နေနေရဲ့ခင်ပွန်းကိုလင်းမြိုင်က “ချစ်တိုင်းလည်း မညား” သီချင်းနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးလှည့်ကြည့်ခဲ့တဲ့ဒိုင်ကတော့ နီနီခင်ဇော်ပါ။ နီနီကတော့ လှည့်ကြည့် ကြည့်လိုက်ချင်း ဝါရင့်အဆိုတော်ရဲ့ခင်ပွန်းဖြစ်သူ လာရောက်ယှဉ်ပြိုင်တာကြောင့် အရမ်းအံ့သြခဲ့ရပါတယ်။ ဒိုင်နောက်တစ်ဦးဖြစ်တဲ့ ကျားပေါက်ပါ လှည့်ကြည့်ခဲ့ပြီး ကိုလင်းမြိုင်ကတော့ Blind Audition အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကိုလင်းမြိုင်ကတော့ ကျားပေါက်ရဲ့ Team ကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့အမိုက်စားအသံနဲ့ “U are So Beautiful “သီချင်းလေးကို ရန်ရန်ချမ်းရဲ့တောင်းဆိုမှုနဲ့ ထပ်မံသီဆိုပြခဲ့ပါတယ်။ အဆိုတော်နေနေနဲ့ ရှေ့သွားနောက်လိုက်ညီစွာ ဂီတကိုချစ်မြတ်နိုးပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုလင်းမြိုင်ရဲ့သီဆိုမှုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source – The Voice Myanmar
Rainbow- Cele Gabar