ကွယ်လွန်သူမေကြီး လှူချင်ခဲ့တာလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ သန္တာဗိုလ်

Posted on

နိုင်ငံကျော်အနုပညာရှင်ညီအစ်မတွေဖြစ်တဲ့ ချောရတနာနဲ့ သန္တာဗိုလ်တို့နှစ်ယောက်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။ ချောရတနာကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း မိသားစုကိုပဲအချိန်ပေးပြီး အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့် သန္တာဗိုလ်ကတော့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာခရီးလမ်းကို လျှောက်လှမ်းနေဆဲပါ။

သူတို့ရဲ့မိခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့လပိုင်းက ဆုံးပါးသွားခဲ့ပြီး ပရိသတ်ကြီးသာမက အနုပညာရှင်အသိုင်းအဝိုင်းကပါ သဘောကောင်းလွန်းတဲ့မိခင်ကြီးအတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ မေမေဆုံးပါးသွားကတည်းက ညီအမနှစ်ယောက်စလုံး အလှူဒါနပြုလုပ်ပေးနေသလို ဒီနေ့မှာလည်း မေမေလှူချင်ခဲ့တဲ့အလှူလေးတစ်ခုကို သန္တာဗိုလ်က ပြုလုပ်ပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ပဲခူးတိုင်း ၊ သဲဖြူချောင်းကျေးရွာ အပ္ပမာဒတောစခန်းရိပ်သာမှာ ဆောက်လုပ်နေတဲ့ကျောင်းဆောင်တွေထဲက မိခင်ဖြစ်သူကတော့ စာချဆရာတော်တွေအတွက် တစ်ပါးကျောင်းဆောင်လေးတစ်ဆောင် လှူဒါန်းပေးနိုင်ဖို့ ဆန္ဒရှိခဲ့ပြီး သန္တာဗိုလ်ကတော့ မိခင်ရဲ့ဆန္ဒအတိုင်း ကျောင်းဆောင်ဆောက်လုပ်ဖို့ ပထမအရစ် (၁၀)သိန်း တိတိလှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့အလှူလေးကို မျှဝေခဲ့တာမို့ သာဓုခေါ်ပေးခဲ့ကြပါဦးနော်။


Source – Thandar Bo
Rainbow- Cele Gabar