ပရိသတ်တွေဆိုင်းမိုင်လို့လည်း ချစ်စနိုးခေးတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ရုပ်တွေကတော့ပရိသတ်တွေရင်ထဲမှာစွဲထင်ကျန်ခဲ့တာဖြစ်ပြီး မြန်မာဆန်ဆန်လေးနဲ့လှတဲ့မင်းသမီးလေးအဖြစ်အသိအမှတ်ပြုခံထားရတာပါ။ အခုလည်း ဇာတ်ရုပ်အသစ်နဲ့ပရိသတ်တွေရှေ့ထပ်မံရောက်ရှိလာဦးမှာပါ။
အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ပရိသတ်တွေကိုအသိပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ သူ့ရဲ့ဖေ့ဘွတ်ပေချ့်မှာ “လမင်းကြီးရယ် သာလိုက်စမ်းပါ” ဆိုပြီးတော့ ရေးသားကာ ဇာတ်လမ်းတွဲနာမည်ကို ဖော်ပြခဲ့သလို “လမင်းကြီးသာစမ်းပါ မှာ ခင်ခင်ကြီးနေရာက ရိုက်ခွင့်ရပါပြီ ” “ရင်ခုန်နေပြီ ခင်ခင်ကြီး ကာရိုက်တာအတွက်” ဆိုပြီးတော့လည်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။
ပရိသတ်အခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့် အားပေးတဲ့ပရိသတ်တွေကတော့ ရင်ခုန်နေကြပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြပါသေးတယ်။ ဒီဇာတ်လမ်းတွဲ့တော့ (၂၀၂၁) မှာရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Source : PoeKyarPhyuKhin