မော်ဒယ်လ်၊မင်းသမီးတစ်လက်ဖြစ်သလို အဆိုတော်အနေနဲ့လည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ မေကတော့ ပုရိသတွေဝန်းရံခြင်းခံရသူတွေထဲကတစ်ယောက်ပါ။ မေကတော့ Album ကိုလည်းထွက်ရှိထားသလို single သီချင်းတွေနဲ့လည်း ပရိသတ်တွေကြားရေပန်းစားသူတစ်ယောက်ပါ။
မေကတော့ မင်းလေးကိုချစ်လို့ သီချင်းကိုပြန်လည်သီဆိုရာက ပရိသတ်တွေကြားရေပန်းစားကာ အခုနောက်ပိုင်းမှာ အဆွေးသီချင်းတွေကိုသီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေကြားရေပန်းစားနေပြန်ပါပြီ။ သီချင်းအသစ်အသစ်တွေဖန်တီးဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်တာကြောင့် အခုတစ်ခါမှာလည်း သီချင်းအသစ်အတွက်ကြိုးစားနေကြောင်းကို “သီချင်းတွေ ပြန်ထွက်ဖို့ အားအင်တွေစုနေပါတယ်… ပေါ့ပေါ့လေးတွေမဟုတ်ပါဘူး.. ခံစားပေးတတ်ဖို့တော့လိုမယ်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။
မေကတော့ အလွမ်းအဆွေးသီချင်းတွေဖြစ်တဲ့ “ကြယ်” “Lost” “Goodbye” စတဲ့သီချင်းတွေနဲ့ အရမ်ကိုလူကြိုက်များခဲ့တာပါ။ အခုလည်း ဘယ်လိုသီချင်းအမျိုးအစားနဲ့ ပရိသတ်ကိုအကြိုက်တွေ့စေမလဲဆိုတာတော့ ရင်ခုန်စရာပါပဲနော်…
Source : May