မဲဖြတ်ပိုင်းစာအုပ်တွေကျန်သေးတာကြောင့် မဲဖွင့်ဖို့ရက်နောက်ဆုတ်လိုက်ကြောင်း ပြောလာတဲ့ မေ့ချစ်သက်

တေးသံရှင်မေ့ချစ်သက်တော့ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် ဘာသာ၊သာသနာရေးနဲ့ အလှူအတန်းကိစ္စတွေမှာ ရှေ့ဆုံးကနေ တက်တက်ကြွကြွပါဝင်ကူညီလေ့ရှိသူတစ်ယောက်ပါ။ အခုတစ်ခေါက်မှာလည်း ကျောက်ကြီးတောင်တောရ တပ်ကုန်း နေပြည်တော်နဲ့ မန္တလေးတိုင်း ရမည်းသင်းနယ်စပ်က ဆင်သေချောင်းနေရာမှာ ဆရာတော်ရဲ့လမ်းညွှန်မှုနဲ့အတူ တံတားဆောက်လုပ်လှူဒါန်းသွားမှာပါ။

တံတားတည်ဆောက်ငွေကတော့ သိန်းတစ်ထောင်ခန့်ကုန်ကျမှာဖြစ်လို့ အလှူငွေဆယ်လကောက်ခံသွားဖို့ ရည်ရွယ်ထားပြီး သူ့ရဲ့အလှူကိုပါဝင်ကြတဲ့ပရိသတ်ကြီးအတွက် ကံစမ်းမဲလေးတွေ ပြန်ဖောက်ပေးသွားမှာပါ။ ဒီနေ့မှာတော့ စက်တင်ဘာ(၃) ရက်နေ့မှာ ကံစမ်းမဲဖွင့်ပေးဖို့ အဆင်မပြေသေးကြောင်း မေ့ချစ်သက်က စိတ်မကောင်းစွာ မျှဝေခဲ့ပါတယ်။ အခုလအတွက် အုပ်ရေ (၁၀၀) အစောင် (၂၅၀၀) ရိုက်နှိပ်ထားပေးမယ့် အုပ်ရေ(၃၅) အုပ်လောက်ကျန်နေသေးတာမို့ လက်ကျန်ထဲက ကံစမ်းမဲပေါက်မှာလည်း အခက်၊ အလှူငွေမရှိသေးဘဲ ဆုမဲတွေပဲပေါက်သွားရင်လည်း အခက်မို့ ကံစမ်းမဲဖွင့်ရက်ကို နောက်လရွေ့လိုက်ကြောင်း မေတ္တာရပ်ခံ ရေးသားခဲ့ပါတယ်။

ငွေ(၅၀၀၀) ကျပ်နဲ့ ကုသိုလ်လည်းရ၊ ကံလည်း စမ်းနိုင်တာမို့ မေ့ချစ်သက်ကတော့ သူ့ကိုချစ်တဲ့ပရိသတ်ကြီးကို တံတားအလှူလေးကို ပါဝင်အားဖြည့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လူအများကြီးအားနဲ့ လှူရမယ့် တံတားလေးမို့ ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်အားထက်သန်စွာ ဦးဆောင်နေတဲ့ မေ့ချစ်သက်ရဲ့အလှူလေးကို ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦးနော်။


Source – M Chit Thet မေ့ချစ်သက်
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x