ကလေးတွေနဲ့ခွဲရတော့မှာကြောင့် လွမ်းနေရတော့မယ်ဆိုတဲ့နိုင်နိုင်း

ပရိသတ်တွေရှေ့ရောက်ရှိလာခဲ့တာနှစ်များစွာကြာပြီဖြစ်ပြီး အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ နိုင်နိုင်းကတော့ လက်ရှိအချိန်မှာလည်း နုနယ်ပျိုမျစ်ခန့်ညားနေလျက်ပါပဲ။ နိုင်နိုင်းကတော့ မိသားစုဘဝလေးကိုတည်ထောင်ထားပြီး သားသမီး(၄)ယောက်ပိုင်ဆိုင်ထားသူပါ။ ကလေးတွေနဲ့ဇနီးဖြစ်သူကတော့ အမေရိကန်မှာနေထိုင်ပြီး နိုင်နိုင်းကတော့ မြန်မာပြည်မှာအနုပညာအလုပ်တွေလုပ်နေတာပါ။


ကလေးတွေဆီကိုမကြာခဏသွားတဲ့နိုင်နိုင်းကတော့ အရင်လိုပဲကလေးတွေနဲ့ခွဲရမှာကြောင့် ဝမ်းနည်းနေတာလည်းဖြစ်ပါတယ်။ ကလေးတွေနဲ့ရိုက်ထားတဲ့ပုံလေးကို တင်ပြီးတော့ “လေဆိပ်မသွားခင် ရဲဘော်များနှင့်…ဒီတစ်ခါ ဓာတ်ပုံရိုက်တာ ရီပြီးရိုက်…။လွမ်းတယ်ဗျာ…ရဲဘော်တွေကို ရန်ကုန်ရောက်ရင် ၂၁ ရက်Qဝင်ရမယ်။ချစ်သောသူများလဲ ကျန်းမာရေးကို ဂရုစိုက်ကြပါ… ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းသည် မိသားစုနှင့် ပတ်ဝန်းကျင်ကို ကာကွယ် ခြင်းဖြစ်သည်။” ဆိုပြီးလည်း ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။


အခုအချိန်ကတော့ ကပ်ရောဂါဆိုးကြီးကိုတစ်နိုင်ငံလုံးရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။ နိုင်နိုင်းကတော့ ကလေးတွေနဲ့ခွဲခွာခဲ့ပြီး မြန်မာနိုင်ငံကိုရောက်ချိန်မှာတော့ Quarantine ဝင်ရဦးမှာပါ။ နိုင်နိုင်းကတော့ အလုပ်တွေကြောင့် ကလေးတွေနဲ့မခွဲချင်ဘဲခွဲရပြန်ပါပြီနော်…
Source : Actor99

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x