လမ်းမပေါ်က ပန်းရောင်းနေကြတဲ့ကလေးတွေ အတွက် မျက်နှာတပ်နှာခေါင်းစည်းတွေ ဝေမျှပေးဖို့စီစဉ်နေတဲ့ Sinon

Posted on

ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေ တဲ့ သူတစ်ယောက်ဖြစ်ပြီး ပရဟိတ စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို အလှူအတန်းတွေပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ် ။

Sinon တစ်ယောက် မနက်ဖြန် စက်တင်ဘာလ (၁) ရက်နေ့မှာ လမ်းမပေါ်က ပန်းရောင်းနေကြတဲ့ကလေးတွေ အတွက် မျက်နှာ အကာအကြည် မျက်နှာတပ်နှာခေါင်းစည်းတွေ လက်သန့်ဆေးရည် တွေပေးသွားမှာဖြစ်တယ်လို့သိရပါတယ် ။ Covid-19က ပြန်ဖြစ်ပွားနေပါပြီ ကျွန်တော်တို့ရန်ကုန်မှာရော တစ်နိုင်ငံလုံးမှာပါ။ ဒါကြောင့်ကျွန်တော်တို့ ကောင်းကောင်းကာကွယ်ထားရမှာဖြစ်ပါတယ် ကျဝောာ်တို့ပတ်ဝန်းကျင် မိသားစုတွေကိုပေါ့!ဆိုတဲ့စာသားလေးနဲ့အတူ ကလေးတွေကို ဝေပေးမယ့် mask တွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ကျွန်တော်တို့က ကမ္ဘာပေါ်မှာရှိတဲ့Virus တိုင်းထက် ပိုအင်အားကောင်းတယ်ကျွန်တော်တို့ မှာကျွန်တော် တို့ ရှိတယ် လေ တစ်ဦးတစ်ယောက်ချင်းစီ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြမယ်ဆိုရင် ပေါ့ ဆိုတဲ့ စာသားလေးနဲ့လည်း ပရိသတ်တွေအတွက် စိတ်ခွန်အားပေးထားပါသေးတယ် ။ ဝမ်းရေးအတွက် ရောဂါကိုတောင် မကြိုက်နိုင်ဘဲ ရုန်းကန်နေရတဲ့ ကလေးတွေအတွက် တွေးပေးတဲ့ Sinon ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်လေးစားစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Sinon
Emily (Cele Gabar)