ရခိုင်ပြည်နယ်ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေအတွက် PPE ဝတ်စုံ(၅၀) လှူဒါန်းပေးခဲ့တဲ့ နန်းခင်ဇေယျာ

Posted on

အလှမယ်နန်းခင်ဇေယျာကတော့ မကြာခဏဆိုသလို ပရဟိတလုပ်ငန်းတွေမှာ လူအား၊ငွေအားနဲ့ တတ်အားသရွေ့ကူညီလေ့ရှိသူတစ်ယောက်ပါ။ ကိုဗစ်ကာလစတင်ကတည်းက မာလာရှမ်းကောစတင်ရောင်းချခဲ့ပြီး အဲ့ဒီက ရတဲ့အမြတ်လေးတွေကို ပြန်လည်လှူဒါန်းပေးနေတဲ့ နန်းခင်ကတော့ မကြာသေးခင်ကမှ မန္တလေးမြို့ သက်ကြီးအဘိုးအဘွားများအတွက် တတ်နိုင်သလောက်လှူဒါန်းပေးခဲ့သလို ဒီတစ်ခေါက်မှာတော့ ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်တာလေးတွေလှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။

” ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော COVD-19 ရောဂါကာကွယ်ရေးအတွက် လိုအပ်နေသော PPE ဝတ်စုံ အစုံ (၅၀) စာ ငွေကျပ် (၁၀) သိန်းဖိုး တိတိကို ရန်ကုန် အလိုတော်ပြည့် ဘုန်းကြီးကျောင်းတိုက်မှာ လှူဒါန်းပေးခဲ့ပါသည်။ ယခုအလှူသည် နန်းခင်ရဲ့ မာလာရှမ်းကောကို အားပေးကြသော ပရိသတ်ကြီးရဲ့ အလှူလည်း ဖြစ်သည့်အတွက် အားလုံး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်အောင် အလှူမှတ်တမ်းလေးအဖြစ် တင်ပေးလိုက်ပါတယ်ရှင့်” ဆိုပြီး မာလာရှမ်းကောအားပေးကြသူတွေပါ ထပ်တူကုသိုလ်ရနိုင်ဖို့အတွက် သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

လတ်တလော မြန်မာနိုင်ငံမှာ ပြန်လည်ဖြစ်ပွားလာတဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ အများဆုံးထိခဲ့တဲ့နေရာကတော့ ရခိုင်ပြည်နယ်ပါ။ ရခိုင်ပြည်နယ်အတွက် ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေလည်း လူအားနဲ့သွားရောက်ကူညီနေကြသလို မနေ့ကတော့ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ၊ နန်းခင်ဇေယျာနဲ့ ခင်သဇင်တို့ကလည်း ငွေအားနဲ့ တတ်နိုင်သလောက် သွားရောက်လှူဒါန်းပေးခဲ့ကြတာပါ။ နန်းခင်ကတော့ သူ့ရဲ့အလှူလေးက မာလာရှမ်းကော အားပေးကြတဲ့ပရိသတ်ကြီးရဲ့အလှူလေးပဲဖြစ်ကြောင်း ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။


Source – Nan Khin Zay Yar – နန်းခင်ဇေယျာ
Rainbow- Cele Gabar