စင်ဒရဲလားကာတွန်းကားထဲက သီချင်းလေးကို အမိုက်စား Cover သီဆိုထားတဲ့ The Voice Myanmar ပြိုင်ပွဲဝင် Pan

Posted on

The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Blind Audition First Week မှာ ပရိသတ်အသည်းနှလုံးကို လှုပ်ကိုင်ခဲ့သူလေးကတော့ ပန် ပါ။ မြန်မာနိုင်ငံမှာ သိပ်ပြီး ကြားရလေ့မရှိတဲ့ အော်ပရာသီချင်း အမျိုးအစားကို နားထောင်သူပရိသတ်တွေအားလုံးကြိုက်သွားအောင် သီဆိုနိုင်ခဲ့ရုံမက ဒိုင်လေးယောက်စလုံးရဲ့လှည့်ကြည့်ခြင်းကို ရရှိခဲ့သူပါ။

အသက်(၂၅) နှစ်သာရှိသေးတဲ့ ပန် ကတော့ သီချင်းတွေနဲ့ပတ်သက်ပြီး ရူးသွပ်သလို ဂီတမိတ်ဂီတသင်တန်းကျောင်းမှာလည်း ဆရာမအဖြစ် အသံလေ့ကျင့်ပေးနေသူတစ်ယောက်ပါ။ Blind Audition First Week ကတည်းက ပရိသတ်တစ်ခဲနက်အားပေးမှု ရရှိခဲ့တဲ့ ပန် ကတော့ ဒီနေ့မှာ အမာခံပရိသတ်တွေအတွက် ဟိုးအရင်တုန်းက Cover သီဆိုထားတဲ့သီချင်းလေးကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

လူတိုင်းရဲ့ငယ်စဉ်ဘဝထဲမှာ မကြိုက်ဖူးတဲ့သူမရှိလောက်တဲ့ စင်ဒရဲလားကာတွန်းကားထဲက တေးသီချင်းလေးကို Cover သီဆိုထားတာဖြစ်ပြီး ပန် ကတော့ “walt disney က သီချင်းတွေက ကိုယ့်ငယ်ဘဝရဲ့အကြီးမားဆုံး အမှတ်တရတွေထဲက တစ်ခုပါပဲ.. Disney Songs တွေ ဆိုနေရရင် ငယ်ငယ်တုန်းက သိပ်ဆိုချင်ခဲ့သလို အခုဆိုနေရပါလားဆိုပြီး ဝမ်းနည်းရင်းပျော်မိတယ်” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေပေးခဲ့ပါတယ်။ ဒီလိုအသီချင်းအမျိုးအစားတွေနဲ့လိုက်ဖက်ညီလွန်းတဲ့ ပန် ရဲ့ သီဆိုမှုကတော့ ပရိသတ်ကြီးကိုထပ်ခါတလဲလဲနားထောင်စေချင်မှာ အမှန်ပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – Pan
Rainbow- Cele Gabar