ယုန်လေးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့မွေးနေ့အကြိုအလှူလေးအဖြစ် သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ ချို့တဲ့သူတွေအတွက် ဆန်၊ဆီ၊စားသောက်ကုန်တွေနဲ့ ထီလက်မှတ်တွေကို လှူဒါန်းမျှဝေပေးခဲ့ပါတယ်။ အလှူခံတစ်ဦးချင်းစီတိုင်းအတွက် ထီလက်မှတ်သုံးစောင်စီ လှူဒါန်းပေးခဲ့ပြီး ဒီနေ့အောင်ဘာလေထီဖွင့်လှစ်ချိန်မှာတော့ ထီဆုတချို့ပေါက်ခဲ့ကြောင်း မျှဝေလာပါတယ်။
လက်ရှိထီတိုက်ကြည့်သလောက် တစ်သိန်းဆု တစ်ခု၊ ငါးသောင်းဆု (၁၅) ဆုပါနေပြီဖြစ်ပြီး (၃) စောင်တွဲထီမှာ (၃) စောင်လုံးပေါက်တာ သုံးယောက်ရှိပါပြီတဲ့ ပရိသတ်ကြီးရေ… နောက်ထပ် ထီတိုက်ဖို့ အစောင်ရေ(၇၀၀) ကျန်သေးတာမို့ အဲ့ဒီထဲက (၅)သိန်း (၁၀) သိန်းဆုတွေ ပါပါစေလို့လည်း ယုန်လေးကတော့ ဆုတောင်းခဲ့ပါတယ်။
လောလောဆယ်တိုက်နေတဲ့အချိန်ထိ ထီဆုကြီးမပါသေးပေမယ့် တကယ်လိုအပ်တဲ့သူ၊ ချို့တဲ့သူတွေကိုသာ ထီလက်မှတ်ဝေခဲ့တာမို့ (၅) သောင်း၊ (၁) သိန်းကလည်း သူတို့ကိုပျော်စေမှာ အမှန်ပဲမို့ ဆုကြီးမပါပေမယ့်လည်း အရမ်းပီတိဖြစ်ရကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ ကျန်သေးတဲ့အစောင်(၇၀၀) ထဲက ထီဆုကြီးတွေပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ယုန်လေးရေ..
Source – Yone Lay
Rainbow- Cele Gabar