ကိုဗစ်ကာလအတွင်း အသက်ရှုစက်သုံးလုံး လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်တဲ့ စမိုင်းလ်

Posted on

အလှူရေစက် လက်နဲ့မကွာ အမြဲလှူဒါန်းပေးလေ့ရှိသလို ချစ်ရတဲ့မိတ်ဆွေအပေါင်းအသင်း ပရိသတ်များ ရဲ့ကုသိုလ်ရေးအတွက် အမြဲလမ်းညွှန်ပေးနေသူကတော့ စမိုင်းလ်ပါ။ ဘာသာ၊သာသနာရေးအတွက်သာမက အခြားလိုအပ်နေတဲ့နေရာတွေကိုပါ လက်မနှေးကူညီလေ့တဲ့စမိုင်းလ်ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက တတ်နိုင်သမျှကူညီပေးနေသူပါ။

ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေးဝတ်စုံတွေအပြင် အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းပေးနေသလို တန်ဖိုးကြီးတဲ့ အသက်ရှုစက်တွေကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။ မနေ့ကတော့ သုံးလုံးမြောက်အသက်ရှုစက်ကို လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။


ရောဂါတွေတစ်နေ့ထက် တစ်နေ့တိုးလာလေ အရေးကြီးတဲ့အသက်ရှူစက်တွေပိုပြီး လိုအပ်လာလေဖြစ်လို့ တကယ်လိုအပ်နေတဲ့ဆေးရုံတွေအတွက် နောက်ထပ်အသက်ရှူစက်တစ်လုံး ( ၁၃၈ ) သိန်းတန်အား We Love Yangon အသင်းသို့ ထပ်မံလှူဒါန်းခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ဒါ့အပြင် စမိုင်းလ်ကတော့ မြန်မာပြည်ကြီး ကပ်ဘေးဆိုးကြီးမှ အမြန်ဆုံးလွတ်မြောက်စေဖို့လည်း ဆုတောင်းခဲ့ပါတယ်။


Source – Smile စမိုင်းလ်
Rainbow- Cele Gabar