မြန်မာ့ယဉ်ကျေးမှုဇာတ်သဘင်တွေကို ဖုန်းနဲ့အလွယ်တကူကြည့်ရှုနိုင်မယ့် အစီအစဉ်လေးကို အကောင်အထည်ဖော်နေတဲ့ ဖိုးချစ်

မြန်မာ့ဇာတ်သဘင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ ရွှေမန်းသားလေးဖိုးချစ်ကတော့ သဘင်လောကရဲ့ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေရုံမက မြန်မာ့သဘင်လောက တိုးတက်ရေးအတွက်လည်း အစဉ်တစိုက်ကြိုးစားနေသူပါ။ အခုတစ်ခေါက်မှာလည်း ဘယ်သူမှမလုပ်သေးတဲ့အစီအစဉ်လေးတစ်ခုနဲ့ မြန်မာ့ဇာတ်သဘင်ဖျော်ဖြေမှုတွေကို ပရိသတ်ဆီအလွယ်တကူရောက်ရှိအောင် ကြိုးစားနေကြောင်း မျှဝေခဲ့ပါတယ်။

မကြာသေးခင်ကမှ” ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင်” ဖေ့ဘွတ်ခ်စာမျက်နှာကနေတဆင့် ရိုးရာသဘင်အကအလှကို အခမဲ့ Live လွှင့်ကပြခဲ့ပြီး ဒီနေ့မှာတော့ Page နာမည်ကို “ဖိုးချစ်သဘင်” လို့ပြောင်းလိုက်ပြီဖြစ်ကြောင်း ပြောပြခဲ့ပြီး အစီအစဉ်သစ်တစ်ခုကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်သော ဖျော်ဖြေမှုအသစ်၊ အနုပညာတင်ဆက်မှုအသစ်များကို မိုဘိုင်းလ်ဖုန်းနဲ့ လွယ်ကူစွာကြည့်ရှုနိုင်တော့မယ့်အပြင် မတူညီတဲ့အနုပညာရှင်ရဲ့သစ်လွင်ပြောင်မြောင်တဲ့အစီအစဉ်များနဲ့ တင်ဆက်နိုင်ဖို့ ကြိုးစားပြင်ဆင်နေပြီဖြစ်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

မြန်မာ့ရိုးရာဇာတ်သဘင်နဲ့ ဖျော်ဖြေမှုတွေကို အရင်လို ပွဲသွားပြီးကြည့်စရာမလိုတော့ဘဲ မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့ ကြည့်ရှုနိုင်မှာပါ။ အခကြေးငွေအနည်းငယ် သွင်းရုံနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘယ်လိုလုပ်ရမလဲမသိသေးတဲ့ ပရိသတ်တွေကိုလည်း မကြာခင်မှာသရုပ်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ ဖိုးချစ်သဘင် ဖေ့ဘွတ်ခ်စာမျက်နှာလေးကို စောင့်ကြည့်ဖို့ မမေ့ကြပါနဲ့နော်…


Source – Phoe Chit
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x