မကြာသေးခင်ကမှ မွေးလအတွက် အလှူအနေနဲ့ ချို့တဲ့သူတွေကို ထီလက်မှတ်အစောင်ရေ(၁၅၀၀) လိုက်ဝေပေးခဲ့တဲ့ ယုန်လေးကတော့ ထီပေါက်တဲ့နံပါတ်တွေနဲ့ နောက်လတွေမှာလည်း အခုလိုအလှူမျိုးတွေ ထပ်လုပ်ပေးသွားမှာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။
အရင်လက လှူခဲ့တဲ့ ထီလက်မှတ်တွေထဲက ငါးသောင်းဆု ဆု(၂၀) နဲ့ တစ်သိန်းဆု (၂) ဆုပေါက်ခဲ့တာကြောင့် အရမ်းဝမ်းသာပီတိဖြစ်ခဲ့ရတဲ့အပြင် ထီပေါက်တဲ့လူတွေ ထီလက်မှတ်မတိုက်မိမှာစိုးတာကြောင့် ပေါက်မဲနံပါတ်ရေးသားထားတဲ့ စာရွက်လေးကို မျှဝေပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အခုလိုချို့တဲ့ တဲ့သူတွေအတွက် ကံတရားအထောက်အပံ့အလှူလေးတစ်ခုအနေနဲ့ နောက်ထပ်သုံးလဆက်တိုက် ထီလက်မှတ်တွေ လိုက်ဝေပေးသွားဦးမယ်လို့ သိရပါတယ်။
ယုန်လေးရဲ့နောက်လတွေအတွက် ထီလက်မှတ်အလှူကိုတော့ မြင့်မြတ်(၁)သိန်း၊ သင်ဇာဝင့်ကျော်(၁)သိန်း၊ အောင်လေး (၁)သိန်း၊ Jenny (၅) သောင်း၊ ကိုဖိုး(၁) သိန်း ပါဝင်အားဖြည့်လှူဒါန်းပေးခဲ့ကြောင်း သတင်းကောင်းလေးကိုလည်း မျှဝေခဲ့ပါတယ်။ ပုံမှန်အားဖြင့် ထီပေါက်ရင် ထီဆိုင်တွေက ဖုန်းဆက်လေ့ရှိပေမယ့် ယုန်လေးလှူပေးခဲ့တဲ့ ထီလက်မှတ်ပိုင်ရှင်တွေကတော့ ထီပေါက်မှန်းတောင် မသိကြတာမျိုး ဖြစ်နေမှာမို့ ထီပေါက်တဲ့နံပါတ်စာရွက်လေးကို မျှဝေပေးလိုက်ပါဦး ပရိသတ်ကြီးရေ…
Source – Yone Lay
Rainbow- Cele Gabar