နိုင်ငံကျော်အနုပညာရှင်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နှင်းဆီအငြိမ့်အဖွဲ့ကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါ။ သူတို့တွေကတော့ မအားလပ်တဲ့ကြားက နှင်းဆီအငြိမ့်တွေကပြီး ပရိသတ်ဘဝအမောတွေကို ဖြေဖျောက်ပေးနေသလို ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း ပရဟိတအလှူတွေပြုလုပ်ပေးနေကြသူတွေပါ။
အခုတစ်ခေါက်မှာလည်း ကိုဗစ်ကာလအတွင်း ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေ ၊ ဘဝအမောတွေ ဖြေဖျောက်ပေးနိုင်ဖို့ Unplugged Music Show လုပ်ကာ ဖျော်ဖြေပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ… အခုလိုအချိန်မှာ လူစုလူဝေးတွေနဲ့ ပွဲလုပ်ခွင့်မရှိတာကြောင့် သူတို့ရဲ့ Music Unplugged Show ကြီးကို စက်တင်ဘာ(၇)ရက်နေ့ ည(၇)နာရီအချိန်မှာ Channel K ရုပ်သံလိုင်းအပြင် Mytel Facebook Page ၊ Marlarmyaing Group Facebook Page ၊ 7th Sense Creation Facebook Page ၊ Myanmar Media 7 Facebook Page တို့မှာ Live လွှင့်ပြသသွားမယ့်အကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။
နှင်းဆီဆိုရင် အငြိမ့်ပဲ အဓိကဖျော်ဖြေခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ မတူညီတဲ့တင်ဆက်မှုအနေနဲ့ Unplugged Music Show ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်သူတွေ ဘယ်သီချင်းရွေးချယ်ထားလဲဆိုတာတော့ ရင်ခုန်စရာပါပဲ ပရိသတ်ကြီးရေ…… သူတို့တွေအကုန်လုံးကတော့ သရုပ်ဆောင်သာမက အဆိုလည်း ကောင်းသူတွေမို့ မာလာမြိုင်နှင်းဆီ Unplugged Show ကြီးကို လက်မလွှတ်တမ်းစောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော်။
Source – Ye Lay
Rainbow- Cele Gabar