The Voice မှာသာမက Myanmar Idol ပြိုင်ပွဲမှာပါ ဒိုင်တွေရဲ့ချီးကျူးမှုကို ရခဲ့ဖူးတဲ့ ခင်ရတနာစိုး

Posted on

ဝါသနာရှင်ရွက်ပုန်းသီး အဆိုဝါသနာရှင်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ မြန်မာသံ တေးသီချင်းလေးနဲ့ ဒိုင်တွေရဲ့ချီးကျူးစကားတွေရော ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကို ပါရရှိခဲ့သူလေးကတော့ အသက် (၂၀) သာရှိသေးတဲ့ ခင်ရတနာစို ဆိုတဲ့ ဝါသနာရှင်လေးပါ ။ အသက်ငယ်ပေမယ့် အဆိုပါရမီမှာ မငယ်ဘူးဆိုတာကိုတော့ စင်ပေါ်မှာ ဒိုင်တွေနဲ့ပရိသတ်တွေကို သူမကိုယ်တိုင်သက်သေပြခဲ့ပြီးပါပြီ ။

သူမဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါလ် အစီစဉ်မှာ လည်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ သတိမထားမိခဲ့ပေမယ့် ဒီတစ်ခေါက် The Voice Myanmar အစီစဉ်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးမှုတွေ ရရှိခဲ့တာဖြစ်ပါတယ် ။ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲ ဝင် စဉ်ကလည်း ဖြူဖြူကျော်သိန်း ၊ အောင်ကိုလတ် နဲ့ တင်ဇာမော် အစရှိတဲ့ ဒိုင်သုံးယောက်ရဲ့ ချီးကျူးမှုတွေရရှိခဲ့ပေမယ့် နောက်တစ်ဆင့်မှာတော့ လမ်းတစ်ဝက်မှပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ် ။

ဒါပေမယ့် သူမရဲ့အဆိုဝါသနာကြီးပုံကတော့ ဇွဲမလျှော့ဘဲThe Voice Myanmar အစီစဉ်မှာ ထပ်မံယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့ တိုးတက်လာတဲ့ အဆိုပညာကို ဒိုင်တွေ အံ့အားသင့်အောင်ပြသနိုင်ခဲ့တာဖြစ်ပါတယ် ။ နောက်တစ်ဆင့် မှာ ဒိုင်တွေကို ဘယ်လိုသီချင်းတွေနဲ့ထပ်မံအံ့သြစေဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်နော် ..။

https://www.facebook.com/102510228248392/videos/340174507134527/

Source : Myanmar Idol
Emily (Cele Gabar)