အုပ်စိုးခန့်နဲ့အတူ ရွှေမင်းသမီး စိန်ရွှေရတနာ ကြော်ငြာရိုက်ကူးနေတဲ့ မေလသံစဉ်

Posted on

ပရိသတ်ကြီးရေ .. မေလသံစဉ်နဲ့ အုပ်စိုးခန့်တို့ နှစ်ယောက် စုံတွဲသီဆိုထားတဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်လ်ဘမ်ထဲက ရုန်းတော် လွှတ်တော် တေးသီချင်းလေးဟာ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားပြီး အောင်မြင်ခဲ့ပါတယ် ။ Joox ရဲ့ Top 10 နေရာမှာတောင် အချိန်အတော်ကြာရပ်တည်နေခဲ့ပြီး အားပေးဝန်းရံမှုတွေ ရရှိခဲ့တာပါ ။

ရုန်းတော်လွှတ်တော် သီချင်းမှာ အတွဲညီညီနဲ့ သီဆိုဟန်ရော သရုပ်ဆောင်ဟန်ရော လိုက်ဖက်မှုရှိခဲ့တဲ့ အုပ်စိုးခန့်နဲ့ မေလသံစဉ်တို့နှစ်ယောက်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ရွှေသမီး စိန်ရွှေရတနာ ကြော်ငြာရိုက်ကူးနေကြတယ်လို့သိရပါတယ် ။ သူမတို့ရဲ့ ရှုတင်ရိုက်ကွင်းလေးကို မေလသံစဉ်က လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။

ကိုဗစ်ကာလမှာ ရောဂါအခြေနေတွေက မတည်ငြိမ်သေးတာမို့ ပရိသတ်တွေက သူမရဲ့ ကြော်ငြာရိုက်ကူးမှုကို စိုးရိမ်ပူပန်နေကြတဲ့အတွက် လက်ခံထားပြီးသား အလုပ်လေးတွေဖြစ်လို့ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်းမာရေး သတိနဲ့ ဂရုစိုက်ပါ့မယ် လို့ပရိသတ်တွေကို တလေးတစား တုံ့ပြန်ခဲ့ပါတယ် ။

Source : May Melody
Emily (Cele Gabar)