နေလင်းကျော်ကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ နေလင်းကျော်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Cover သီချင်းသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးခဲ့ပါတယ်။
နေလင်းကျော်က နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “နှစ်ယောက်တစ်အိပ်မက်” ဆိုတဲ့ သီချင်းလေးကို ကိုယ်တိုင်ဂစ်တာတီးပြီး Cover Song ပြန်လည်သီဆိုခဲ့တာပါ။ ဒီသီဆိုထားတဲ့ Cover Song သီဆိုမှုဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေ နားဆင်လို့ရအောင်တင်ဆက်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ နေလင်းကျော်ရဲ့ Cover Song သီဆိုမှုကို နားဆင်ပြီးတဲ့နောက်မှာ သဘောကျနှစ်သက်ကြောင်းမှတ်ချက်ပေးနေခဲ့ကြပါတယ်။
နေလင်းကျော်ရဲ့ “နှစ်ယောက်တစ်အိပ်မက်” သီချင်း Cover သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို CeleGabar ပရိသတ်ကြီးတွေထဲက နေလင်းကျော်ရဲ့ ပရိသတ်တွေရော နားဆင်ပြီးကြပြီလား။ နားမထောင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း နားဆင်ခံစားလို့ရအောင် CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။
Chilli – CeleGabar
Source – Nay Lin Kyaw