Covid ဖြစ်လည်း စားဝတ်နေရေးအတွက်ရုန်းကန်ရဦးမှာဖြစ်လို့ အသိနဲ့သတိကပ်ပြီးနေထိုင်ဖို့ပြောလာတဲ့ အေးမြတ်သူ

Posted on

ပရိသတ်ကြီးရေ Covid-19 ရောဂါပိုးဟာ ဆိုရင် Second Wave အနေနဲ့ ပြန်လည် ပြီး ပိုးတွေက လူနာတွေ အရေအတွက်များလာခဲ့ပါပြီ ။ စိတ်ရှုပ်စရာတွေ စိတ်ညစ်စရာတွေ က ကြုံရဆုံရ..ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး ဒီအချိန်ကာလ က စားဝတ်နေရေး. စီးပွားရေး ကျန်းမာရေး အားလုံးကို အများစု က တွေးပူပန်နေရချိန် ဖြစ်လို့ ပိုသာဆိုးတဲ့အခြေနေလို့တောင်ဆိုရမှာပါ ။

ပရိသတ်အချစ်တော် မင်းသမီးချောလေး အေးမြတ်သူကတော့ သူမရဲ့ ချစ်ပရိသတ်ကြီးအတွက် အားပေးစကားအနေနဲ့ ” အရှုံးပေးလို့မရဘူး… သောကတွေကြားထဲက ရုန်းထွက်နိုင်ဖို့ အားလုံးစည်းစည်းလုံးလုံးနေထိုင်ရင်း အကောင်းမြင်စိတ်လေးတွေနဲ့ ဘာလုပ်ပေးမလုပ်နိုင်ရင်တောင် အပြုံးလေးတပွင့်လောက်လုပ်ပေးရအောင် Mask. အုပ်ထားတော့ မျက်လုံးလေးတွေပြုံးပြကြရအောင်နော် ဆိုတဲ့ စာသားလေးနဲ့အတူ ည မှာ ဘယ်နှယောက်တိုးလာမလဲ ??? မနက် ဘယ်နှယောက်တိုးလာမလဲ … ???ဆိုတာတွေ ကို စိုးရိမ်စိတ်နဲ့မမျှော်လင့်ဘဲ…. ကျန်းမာရေးအသိနဲ့ သတိထားနေထိုင်နိုင်ဖို့ကြည့်မှတ်ရင်း ကိုယ်နဲ့ကိုယ်မိသားစုကိုယ့်ပတ်ဝန်းကျင်ကို မရောက်ဖို့ ဘယ်လိုနေထိုင်အလည်း…. ဆိုတာ ကိုယ့်ကိုကိုယ်သတိပေးရင်းနေစေချင်ပါတယ် ဆို့ ပရိသတ်တွေ အကြံပြုတောင်းဆိုထားတဲ့ စာလေးကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရမှာပဲ ဖြစ်လို့ နေ့စဉ်ဘဝ မှာ ကျန်းမာရေးအသိ နဲ့ သတိလေးကပ်ပြီး နေထိုင်ကြဖို့နဲ့ အားလုံးအားလုံး နေကောင်းကျန်းမာကြပါစေရှင် ဆိုပြီး ပရိသတ်တွေအတွက် ဆုမွန်ကောင်းတွေလည်းတောင်းပေးထားပါသေးတယ် ။

Source : Aye Myat Thu
Emily (Cele Gabar)