အသည်းကွဲနေတဲ့သူတွေ မျက်ရည်လည်သွားစေမယ့် အလင်းရောင်ရဲ့ သီချင်းလေး

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားချောအလင်းရောင်ကတော့ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူပါ။ Photo Model တစ်ယောက်အနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေဆက်တိုက်လုပ်နေရသလို ဗွီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူဖြစ်ပါတယ်။

အလင်းရောင်ကတော့ သရုပ်ဆောင်ဘက်ပိုင်းကို အဓိကလုပ်ကိုင်နေသူဖြစ်ပေမယ့် သူ့ရဲ့နောက်ထပ်ဝါသနာတစ်ခုအနေနဲ့ သီချင်းလေးတစ်ပုဒ်ဖန်တီးသီဆိုခဲ့ပါတယ်။ သီချင်းလေးရဲ့နာမည်ကိုတော့ “ကျွန်တော်အသည်းကွဲဖူးပြီ” လို့နာမည်ပေးထားပြီး တေးရေးဝေကြီးက ရေးစပ်ပေးထားတာပါ။ သီချင်းတွေသိပ်ပြီး သီဆိုလေ့မရှိတဲ့ အလင်းရောင်ရဲ့ ဒီသီချင်းလေးကတော့ ဝါရင့်အဆိုတော်ကြီးတစ်ယောက်ဆိုထားသလို ပရိသတ်ရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။

“စိတ်ကူးခဲ့ဖူးသည် နာကြည်းခဲ့ဖူးသည် ဘယ်သူနဲ့မှမတူတဲ့လွမ်းစရာမျိုး ကျွန်တော့်ရင်မှာ ရှိသည်..ကျွန်တော်သည် အရာရာထက်ပို ချစ်ခဲ့မိပါသည်” ဆိုတဲ့ ရင်ထဲထိရှစေမယ့်စာသားတွေနဲ့ လိုက်ဖက်ညီစွာ သီဆိုထားတဲ့ အလင်းရောင်ရဲ့ သီချင်းအသစ်လေးကတော့ အသည်းကွဲနေတဲ့သူတွေ မျက်ရည်လည်သွားစေမှာ အမှန်ပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – ALINNYAUNG
Rainbow- Cele Gabar