ပရိသတ်ရဲ့အချစ်တော်မောင်မောင်အေးကတော့ လတ်တလော ကြည်နူးစရာကိစ္စလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာ၊ ကဗျာဆရာမင်းထင်ကိုကိုကြီးရဲ့ ဆက်သွယ်လာမှုနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာလေးကို လေလံဆွဲပေးခဲ့ပြီး အခုဆိုရင် တရိပ်ရိပ်တက်လာတဲ့ လေလံဈေးကြောင့် ဝမ်းသာပီတိဖြစ်နေရကြောင်း ရေးသားမျှဝေခဲ့တာပါ။
ဒီကဗျာလေးကတော့ ဒါရိုက်တာမင်းထင်ကိုကိုကြီး (၂၀၁၁)ခုနှစ်က ကဗျာပွဲတော်ယူသွားဖို့ ကဗျာဆရာတစ်ဦးအနေနဲ့ အမေစုကို တောင်းခံခဲ့တာဖြစ်ပြီး အမေစုကိုယ်တိုင် လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ တစ်ခုတည်းသော ကဗျာလေးဖြစ်ပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးကတော့ ဒီကဗျာလေးကို လေလံတင်ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကို NLD ဗဟိုအောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ ရန်ပုံငွေအဖြစ် လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။
ကြမ်းခင်းဈေး(၅၄) သိန်းက စတင်ဖွင့်ခဲ့ကာ သြဂုတ်လ(၃၁) ရက်နေ့မှ စက်တင်ဘာ(၅) ရက်နေ့အထိ လေလံဆွဲခွင့်ရှိပြီး ဒီနေ့စက်တင်ဘာ(၃) ရက် နေ့လည်(၂.၂၅) မိနစ်အချိန်ထိ လေလံဈေး သိန်း(၂၂၀)အထိ ရရှိနေပြီဖြစ်ပါတယ်။ မောင်မောင်အေးကတော့ မကြာခဏဆိုသလို အခုလိုရန်ပုံငွေပွဲတွေအတွက် လေလံဆွဲပေးဖို့ အကူအညီလာတောင်းတိုင်းလည်း ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ ကူညီပေးကာ ကြည်နူးပီတိဖြစ်လေ့ရှိသူဖြစ်ပြီး အခုတစ်ခေါက်မှာလည်း စနေနေ့ည (၉) နာရီ လေလံပိတ်ချိန်မှာ ဘယ်လောက်ပမာဏလောက်ထိ ရရှိမလဲဆိုတာ ရင်ခုန်ရင်းစောင့်မျှော်နေပါပြီတဲ့ ပရိသတ်ကြီးရေ..
Source – Mg Mg Aye, Ko Ko Gyi
Rainbow- Cele Gabar