လတ်တလောမြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဒုတိယလှိုင်းစတင်ချိန်မှာတော့ ရောဂါပိုးတွေ့ရှိလူနာတွေ တရိပ်ရိပ်တက်လာခဲ့တာ အခုဆိုရင် (၁၀၅၈) ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသူ(၆) ယောက်သာရှိသေးပေမယ့် အခုလိုကူးစက်မှုပြန်လည်မြင့်တက်လာတာကတော့ စိုးရိမ်စရာပါပဲ ပရိသတ်ကြီးရေ…
ရောဂါပိုးတွေ့ရှိတဲ့နေရာတွေကိုတော့ Lock Down တွေလုပ်ထားသလို ရောဂါပိုးရှိသူနေထိုင်ရာနေရာတွေကို သွားလာခဲ့သူတွေလည်း ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်နိုင်ဖို့ အချိန်နဲ့တပြေးညီသတင်းတွေကို မျှဝေလျက်ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဘယ်ပဲသွားသွား ကိုယ့်ပတ်ဝန်းကျင်အနီးနားမှာ ပိုးတွေ့လူနာတွေရှိမရှိသိနိုင်ရုံသာမက လူနာရဲ့ကူးစက်ခံခဲ့ရတဲ့ History ကိုပါ ကြည့်ရှုလို့ရမယ့် Link လေးကိုတော့ ဆုအိမ့်စံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။
ဒီ Link လေးထဲဝင်လိုက်တာနဲ့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ရောဂါပိုးတွေ့ရှိလူနာတွေရဲ့ နေထိုင်ရာကို အနီစက်လေးနဲ့ပြထားမှာဖြစ်ပြီး အနီစက်လေးကိုထောက်လိုက်ရင်တော့ သူ့တို့ရဲ့ကူးစက်ခံရမှုရာဇဝင်ကိုပါ သိနိုင်မှာပါ ပရိသတ်ကြီးရေ… ကိုဗစ်လူနာတွေနေထိုင်ရာတည်နေရာကို အလွယ်တကူကြည့်ချင်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Android:
https://mmcovid19.glitch.me/
IOS:
https://mmcovid.glitch.me/
Source – Hsu Eaint San
Rainbow- Cele Gabar