ပရိသတ်တွေစောင့်မျှော်နေကြတဲ့ အေးမြဖြူရဲ့ “လွမ်းနေလို့” သီချင်းလေး

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်လေး အေးမြဖြူရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်းလေးဖြစ်တဲ့ “လွမ်းနေလို့” သီချင်းလေးကတော့ ဒီနေ့မှာထွက်ရှိလာခဲ့ပါပြီ။ ဒီသီချင်းလေးကို ထွက်ရှိလာမည့်အကြောင်း အမြည်း ဗီဒီယိုလေးနဲ့ အသိပေးတင်ဆက်လာကတည်းက ပရိသတ်တွေ စောင့်မျှော်နေတဲ့ သီချင်းလေးတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

သီချင်းလေးကတော့ အလွမ်းသီချင်းအမျိုးအစားလေးဖြစ်ပြီး ပရိသတ်တွေ စောင့်မျှော်ရကျိုးနပ်စေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်နေမှာပါ။ အေးမြဖြူက သီချင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ဆက်ပေးခဲ့တာဖြစ်ပြီး အတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားထားတဲ့ ပထမဆုံးသီချင်းလေးဖြစ်တာမို့ ပရိသတ်တွေနားထောင်ပြီးရင် ဝေဖန်အကြံပေးစကားပြောပေးကြဖို့ကိုလည်း စောင့်မျှော်နေကြောင်း ပြောထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးတွေထဲက အေးမြဖြူရဲ့ အမာခံပရိသတ်တွေအတွက် အေးမြဖြူရဲ့ ပထမဆူံး သီချင်းဖြစ်တဲ့ “လွမ်းနေလို့” သီချင်းလေးကို နားဆင်လို့ရအောင် celeGabar ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်။ နားဆင်ပြီးရင် ပရိသတ်တွေရဲ့အကြိုက်နဲ့ရော ထပ်တူကျပြီး ရင်ထဲကိုရောက်ရဲ့လားဆိုတာလေးဖြေပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – AYE MYA PHYU