မင်္ဂလာဆောင်ရတော့မယ့် သတို့သမီးလေးတစ်ယောက်အဖြစ် စိတ်ကူးယဉ်နေပြီလား အက်စတာ

Posted on

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲမှာ Winner ဆုရှင်အဖြစ် ပရိသတ်တွေ အားပေးမှု တခဲနက်ရရှိခဲ့တဲ့ အက်စတာကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာရရှိခဲ့ပြီဖြစ်ပါတယ် ။ ကြော်ငြာ ရိုက်ကူးမှုတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေလည်း ပြုလုပ်နေပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ ပရိသတ်တွေကိုမျှဝေပေးနေတာပါ ။

လတ်တလောမှာတော့ အက်စတာ တစ်ယောက် သူမကိုယ် သူမ မကြာခင် မင်္ဂလာဆောင်ရတော့မယ့် သတို့သမီးလေးတစ်ယောက်အဖြစ် စိတ်ကူးယဉ်မိတဲ့အထိ လှပလွန်းတဲ့ သတို့သမီးဝတ်စုံလေးနဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ တစ်သက်မှာတခါ ခမ်းခမ်းနားနားအဖြူရောင် ဂါဝန်ကြီးနဲ့ ဘုရားရှေ့လူရှေ့ သစ္စာဆိုမယ့်အချိန်က မိန်းကလေးတစ်ယောက်အတွက်မဂ်လာအရှိဆုံးအချိန်ဖြစ်မယ်လို့တွေးမိတဲ့အခိုက်တန့် ဆိုတဲ့စာသားလေးကိုလည်း ရေးသားဖော်ပြခဲ့ပါသေးတယ် ။

အဖြူရောင် သတို့သမီးဝတ်စုံနဲ့အရမ်းကို ခမ်းနားလှပနေတဲ့ အက်စတာရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေက လည်း အရမ်းကိုသဘောကျနေကြတာပါ ။ အက်စတာကတော့ Btw, where is my Bridegroom ? ဆိုတဲ့စာသားလေးကိုလည်းရေးသားထားတာကြောင့် သူမရဲ့ သတို့သားလေးက ဘယ်မှာများလဲ ဆိုတာ ပရိသတ်တွေလည်း စိတ်ဝင်စားနေကြမယ်ထင်ပါတယ်နော် ။

Source : Esther DCS
Emily (Cele Gabar)