Rap သီချင်းသီဆိုပြီး The Voice Myanmar မှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ (၁၆) နှစ်သမီးလေး သင်းယု

Posted on

The Voice Myanmar အစီစဉ်ကတော့ နှစ်စဉ်နှစ်တိုင်း အဆို ဝါသနာရှင် လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ အစီစဉ်တစ်ခုပါ ။ လတ်တလောမှာတော့ The Voice Myanmar Season-3 ပြိုင်ပွဲလေးကို ကျင်းပနေပြီး ပြိုင်ပွဲဝင်ကာလမှာတင် ပရိသတ်အားပေးမှုအခိုင်အမာရရှိနေတဲ့ ပြိုင်ပွဲဝင်တွေရှိပါတယ် ။ လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတာကတော့ စင်ပေါ်မှာ Rapping တွေ တက်ရွတ်သွားတဲ့ (၁၆) နှစ်အရွယ်ကောင်မလေး သင်းယုပါ ။

သူမက Bobby Soxer ( ထက်ထက်) ရဲ့ ဖန်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ဆိုပုံဆိုပေါက်က အစ Bobby Soxer ရဲ့လွှမ်းမိုးမှုတွေ မကင်းဘူးဆိုတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ ။ Rapper တွေ The Voice မှာလာပြိုင်တယ်ဆိုတာ အများစုက ကိုရန်ရန်ချမ်းကြောင့်ဖြစ်ပြီး သူမ ကိုယ်တိုင်ကလည်း ကိုရန်ရန်ချမ်းဆီကိုပဲ သွားချင်ခဲ့တာလို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ အိမ်က အဆိုတော် လုပ်ဖို့သဘောမတူပေမယ့် သူမ အရမ်းဇွတ်တိုးပြီးလုပ်တဲ့အချိန်မှာလည်း အိမ်က ပံ့ပိုးမှုတွေပေးခဲ့တယ်လို့သိရပါတယ် ။

နောက်ထပ်လာမယ့် Battle Round အတွက်တော့ စိတ်လှုပ်ရှားနေပြီး ကိုယ်ပိုင် Rap နဲ့ဆိုရမလား ဆိုတာကိုလည်း သေချာမသိသေးပေမယ့် အကောင်းဆုံး ကြိုးစားသွားမှာပါလို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ် ။ သူအတွက် တီးတဲ့လက်ခုပ်သံတွေအတွက် အကောင်းဆုံးကြိုးစားသွားမှာပါလို့လည်း Cele Gabar Interview မှာဖြေဆိုခဲ့ပါတယ် ။

https://www.facebook.com/celegabar/videos/656934418259096/

Source : Exclusive On Cele Gabar
Emily (Cele Gabar)