ပရိသတ်ကြီးရေ ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်လေးတွေကို စောင့်ရှောက်ပြီး ဂေဟာလေးတစ်ခုဖွင့်လှစ်ကာ မေတ္တာတွေပေးနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါ ။ ခိုင်နှင်းဝေကတော့ ကလေးလေးတွေကို ငယ်စဉ်ထဲက မွေးလာတာဖြစ်တဲ့အတွက် မိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကို မရောက်စေချင်သလို သူမရဲ့ရင်သွေးလေးတွေ ရင်ဝယ်ပိုက်ထားတဲ့ သားသမီးတွေလို့ပဲသဘောထားတဲ့ သူပါ ။
တချို့တွေက လိမ်စဉ်တွေနဲ့ ကလေးမမွေးချင်လို့ဖြစ်စေ စီးပွားရေးကြပ်တည်းလို့ဖြစ်စေ လာပေးကြပေမယ့် ဒီကလေးတွေကို တောင်းစားဖို့အတွက် လမ်းဘေးမှာအသုံးမချတာကိုဘဲ ကျေးဇူးတင်ပါတယ်လို့ခိုင်းနှင်းဝေ က သူမရဲ့အမြင်ကိုပြောပြခဲ့ပါတယ် ။ သူမအနေနဲ့လာပို့သမျှကလေးတိုင်းကို လက်ခံတာမဟုတ်သလို လိမ်စဉ်တွေနဲ့လာ ပေးတဲ့သူတွေကိုလည်း သေချာနားချပြီး နားဝင်အောင်ပြောပြပေးလေ့ရှိတော့ နားလည်သွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ် ။ကလေးကိုလည်း လက်ခံလိုက်ပြီဆိုရင်လည်း ကလေးရဲ့ ကျန်းမာရေး ၊ ပညာရေး အားလုံးက သူမနဲ့ဆိုင်သွားပြီဖြစ်တဲ့အတွက် တစ်ချိန်မှာ ပြန်လာယူတာတို့ ပြန်လာခေါ်တာတို့ကို သူမဘက်က လက်မခံဘူးလို့ အတိလင်းပြောပြခဲ့ပါသေးတယ် ။

ခိုင်နှင်းဝေက သူမရဲ့ အချိန် ၊ ငွေအင်အား ၊ နုပျိုလှပမှုတွေအားလုံးကို ရင်းပြီး ဒီပရဟိတအလုပ်တွေ ထဲမှာ နှစ်မြုပ်ထားတဲ့အတွက် သူမ ကလေးတွေ အပေါ်ထားတဲ့ သံယောဇဉ်ကြီးမားမှုကတော့ တကယ်ကိုလေးစားစရာပါပဲ ။ ခိုင်းနှင်းဝေကို ချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် အင်တာဗျူး ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
https://www.facebook.com/celegabar/videos/1111896315872657/
Source : Exclusive On Cele Gabar
Emily (Cele Gabar)