ဟန်တီကတော့ ပရိသတ်အချစ်တော် မော်ဒယ်၊သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပရိသတ်တွေကို သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကိုလည်း မကြာခဏဆိုသလို မျှဝေလေ့ရှိပါတယ်။ အခုလည်း သူ့ရဲ့သူငယ်ချင်ဖြစ်တဲ့ သရုပ်ဆောင်ယွန်းဝင့်လွှာအောင်နဲ့အတူ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်ရက်ပိုင်းကတင် ယွန်းဝင့်လွှာအောင်ရဲ့မွေးနေ့မှာ ကုတင်(၅၀၀)ဆေးရုံကြီးမှာ အလှူပြုလုပ်လှူဒါန်းခဲ့ပါသေးတယ်။ အခုလည်း ယွန်းဝင့်လွှာအောင်နဲ့ဟန်တီတို့နှစ်ဦးကတော့ ငှက်လွှတ်ငါးလွှတ်ကုသိုလ်ယူခဲ့ကြပါသေးတယ်။ အဲ့ဒီအကြောင်းကိုလည်း ပုံလေးတွေနဲ့တကွ ပရိသတ်တွေကို မျှဝေခဲ့တာပါ။
အနုပညာအလုပ်တွေကို ကြိုးစားသလို တတ်နိုင်တဲ့ဘက်ကနေပြီး အလှူအတန်းတွေကို ပြုလုပ်ကြတဲ့အနုပညာရှင်တွေကတော့ တကယ့်ကိုလေးစားစရာပါ။ အခုလည်း ဟန်တီနဲ့ယွန်းဝင့်လွှာအောင်တို့ကတော့ တကယ့်ကိုစိတ်ထားကောင်းမွန်တဲ့သူလေးတွေပါပဲနော်…
Source : HanThi