သမီးငယ်လေးရဲ့မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ အလှူဒါနသွားလုပ်ခဲ့တဲ့ လွင်မိုး

Posted on

တစ်ချိန်တုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသားကြီးလွင်မိုးကတော့ အခုချိန်မှာအနုပညာအလုပ်တွေမလုပ်ဖြစ်တော့ဘဲ စီးပွားရေးကိုဦးစားပေးလုပ်ကိုင်နေပါတယ်။ သမီးလေး(၂) ယောက်ထဲက ယွန်းဝတီလွင်မိုးကတော့ ဖခင်ရဲ့အမွေကိုဆက်ခံကာ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းပရိသတ်အားပေးမှုရရှိနေသူပါ။

ဒီနေ့ စက်တင်ဘာ(၄) ရက်နေ့လေးကတော့ လွင်မိုးရဲ့ သမီးငယ်လေးယွန်းနန္ဒီရဲ့အသက်(၁၈) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး သမီးလေးရဲ့မွေးနေ့အလှူအဖြစ် ဓမ္မလင်္ကာရကျောင်းတိုက်မှာ မိသားစုလိုက် ကုသိုလ်ယူခဲ့ကြပါတယ်။ သမီးလေးရဲ့မွေးနေ့မှာ သံဃာတော်တွေအတွက် ဝါဆိုသင်္ကန်းနဲ့နေ့ဆွမ်းကပ်လှူပေးခဲ့ပြီး ဒီနေ့ပြုလုပ်ခဲ့တဲ့အလှူလေးကိုတော့ လွင်မိုးက သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာ အသက်(၁၈) နှစ်ပြည့်သွားပြီဖြစ်တဲ့ ယွန်းနန္ဒီလေး မိသားစုနဲ့ ပျော်ရွှင်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းပေးလိုက်ပါတယ်နော်။ ဒီနေ့မွေးနေ့ရက်လေးမှာ မိသားစုနဲ့အတူ ကုသိုလ်ပြုခဲ့တဲ့ အလှူဒါနပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source – Lwin Moe
Rainbow- Cele Gabar