သားလေးရှေ့ရေးကောင်းစားဖို့အတွက် ဘဘုန်းဆီမှာမွေးစားခွင့်ပြုခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဖွင့်လှစ်ကာ ကလေးငယ်များကို ရင်အုပ်မကွာပြုစုစောင့်ရှောက်နေတဲ့ခိုင်နှင်းဝေကတော့ ဒီနေ့မှာသူ့ရဲ့သားလေးတစ်ယောက်ကို မွေးစားဖို့ပေးလိုက်ပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ ကလေးတွေကို ချစ်ခင်တွယ်တာစိတ်နဲ့ ပြုစုစောင့်ရှောက်ခဲ့သူမို့ ခိုင်နှင်းဝေကတော့ ကလေးတွေကိုမွေးစားဖို့ပေးရန် စိတ်ကူးရှိသူမဟုတ်သော်လည်း သားလေးရှေ့ရေးအတွက် မွေးစားဖို့ပေးခဲ့တာပါတဲ့ ပရိသတ်ကြီးရေ…

သားလေးကို မွေးစားခွင့်တောင်းခဲ့တဲ့ ဘဘုန်းကတော့ သားလေးခိုင်ရန်ဝေးမောင်ကို ဂေဟာမှာစမြင်ကတည်းက သံယောဇဉ်ဖြစ်ကာ ကျောင်းပြန်ရောက်တော့လည်း သားလေးကိုသတိရတဲ့စိတ်နဲ့ ဆွမ်းမစားနိုင်အောင်တောင် ဖြစ်ခဲ့ရတာကြောင့် ခိုင်နှင်းဝေကတော့ သားလေးကို ဘဘုန်းဆီ ခဏခေါ်သွားပေးခဲ့ရပါတယ်တဲ့။ သားလေးကိုမေတ္တာတွေ ပေးနေတဲ့ ဘဘုန်းနဲ့ သားလေးရဲ့သံယောဇဉ်ကို သိနေတဲ့အတွက် ဘဘုန်းနဲ့အတူ ရေက်အနည်းငယ်နေဖို့ထားပေးခဲ့ပြီး ဒီနေ့မှာတော့ ဘဘုန်းက မွေးစားချင်တဲ့အကြောင်းသူ့ကို ပြောခဲ့တာပါ။

ခိုင်နှင်းဝေကတော့ သားလေးကိုမခွဲနိုင်ပေမယ့် ဘဘုန်းနဲ့နေရင် သားလေးကောင်းစားမယ်၊ နိုင်ငံခြားကို ပညာတော်သွားရမယ် ဆိုပြီး သားလေးရဲ့ရှေ့ရေးအတွက်အပြင် ဘဘုန်းရဲ့စေတနာတွေကို အသိမှတ်ပြုရင်း မွေးစားခွင့် ပြုခဲ့တဲ့အကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ သားလေးကတော့ ဘဘုန်းနဲ့အတူနေမှာမို့ သာသနာပြုနိုင်တဲ့သားထူးသားမြတ်လေး ဖြစ်ပါစေလို့ ဆုတောင်းရင်း တချိန်မှာ ကျွန်မကို မယ်တော်ကြီးဖြစ်စေမယ့် သားလေးခိုင်ရန်ဝေးမောင် ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ ရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။


Source – Khine Hnin Wai
Rainbow- Cele Gabar