ပြီးခဲ့တဲ့ စက်တင်ဘာ လ (၃) ရက်နေ့ကတော့ ပရိသတ်အချစ်တော် G-fatt ရဲ့ မိခင်ဖြစ်သူ မွေးနေ့ပဲဖြစ်ပါတယ် ။ G-fatt တစ်ယောက် သူ့အမေကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကိုတော့ သူ့ရဲ့သီချင်းစာသားတွေထဲမှာ ပရိသတ်တွေလည်း ကြားဖူးပြီးသားဖြစ်မှာပါ ။ လတ်တလောမှာတော့ G-fatt တစ်ယောက် မိခင်ဖြစ်သူရဲ့မွေးနေ့ အမှတ်တရအဖြစ် ကြည်နူးဖွယ်စာသားလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။
‘ငါ့အမေက’ လို့ အစချီလိုက်တာနဲ့ လူတိုင်းကို ခင်တွယ်လွယ် ခွင့်လွှတ်လွယ် တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း မင်းစကြားရမှာဖြစ်တယ်။ ငါ့အတွက် တစ်သက်စာ လုံခြုံစေတဲ့ မေတ္တာထဲမှာ သူ့အတွက်ဆိုတာတွေဟာ နောက်မှလာတယ်။ သူတစ်ယောက်တည်း ခိုးကျရတဲ့ မျက်ရည်တွေအကြောင်း ငါသေချာနားလည်ဖို့ နှစ်နှစ်ဆယ်ကျော်လောက်ကြာခဲ့ပေမယ့် ငါတစ်ယောက်တည်း ခိုးကျရတဲ့မျက်ရည်တွေအကြောင်း သူသိဖို့ကတော့ ငါ့မျက်နှာကိုတစ်ချက်ကြည့်ရုံ စက္ကန့်စာလောက်ပဲကြာသတဲ့။ သူ့အမြင် မှာ ငါ ဘယ်အရွယ်ရောက်ရောက် ကလေးလေးပဲ ငါ့အမြင်မှာလဲ သူဘယ်အရွယ်ရောက်ရောက် ကလေးလေးပဲ မနေ့က တစ်အိမ်လုံးရဲ့ ကလေးလေးရဲ့ မွေးနေ့ဖြစ်တယ် ။ ဆိုတဲ့ စာသားလေးကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။
စာသားလေးကို ဖတ်ကြည့်ရုံနဲ့ G-fatt နဲ့ မိခင်ဖြစ်သူရဲ့ကြားက ချစ်ခြင်းမေတ္တာကတော့ အတိုင်းသာပေါ်လွင်နေတာပါ ။ ပရိသတ်တွေကတော့ မွေးနေ့ဆုမွန်ကောင်းတွေဝေဆာနေအောင် ပေးထားတာလည်း ကြည်နူးဖွယ်တွေ့မြင်ရပါတယ် ။ အန်တီလည်းမွေးနေ့ကစပြီးနှစ်ပေါင်းများစွာထိ ချစ်တဲ့မိသားစုနဲ့ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။
Source : G-fatt
Emily (Cele Gabar)