စိတ်ကျန်းမာရေးဆေးရုံကြီးမှာ မွေးနေ့အကြိုအဖြစ် (၅)သိန်းလှူဒါန်းခဲ့တဲ့ ကျော်ထက်ဇော်

Posted on

မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချောလေးကျော်ထက်ဇော်ကတော့ “အမုန်းမှသည်” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုအခိုင်အမာစတင်ရရှိထားတဲ့ မင်းသားချောလေးတစ်ဦးပါပဲ..။ ဇော်ဂျီလေးတွေရဲ့အချစ်တော် ကျော်ထက်ဇော်ရဲ့မွေးနေ့ကတော့ မကြာခင်ရောက်ရှိလာတော့မှာပါ ။

ဒီနေ့မှာတော့ ကျော်ထက်ဇော်တစ်ယောက် သူ့ရဲ့မွေးနေ့အကြိုအဖြစ် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ မနက်စောစော စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ မွေးနေ့အကြို အလှူငွေ ငါးသိန်း ထည့်ဝင် လှူဒါန်းခဲ့ပါတယ် ဆိုတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ချစ်ရတဲ့ ပရိသတ်တွေ ပါ သာဓုခေါ်ဆိုနိုင်စေဖို့ မျှဝေပေးထားတာဖြစ်ပါတယ် ။ ကျွန်တော် ချစ်သော ကျွန်တော့် ကိုချစ်သော ၇ရက်သားသမီးများအားလုံး စိတ်တွေကျန်းမာ ချမ်းသာကြပါစေဗျာ ဆိုတဲ့ ဆုမွန်ကောင်းလေးကိုလည်း ပေးထားပါသေးတယ် ။

ပရိသတ်တွေကလည်း မွေးနေ့အကြိုအလှူလေးအတွက် မွေးနေ့အကြို ဆုမွန်ကောင်းတွေ အများကြီးတောင်းပေးထားတာလည်းတွေ့ရပါတယ် ။ ခုလို မွန်မြတ်တဲ့မွေးနေ့အလှူလေးအတွက်လည်း သူ့ရဲ့ ပရိသတ်တွေက ကြည်နူးဖွယ် သာဓုခေါ်ဆိုပေးခဲ့ကြပါတယ် ။ မကြာခင်ကျရောက်တော့မယ့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့ ပရိသတ်တွေနဲ့အတူ အောင်မြင်မှုတွေကိုလည်း ရရှိပါစေလို့ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

https://www.facebook.com/celegabar/videos/358790691818075/

Source : Kyaw Htet Zaw
Emily (Cele Gabar)