ဒီနေ့မှာ အသက်(၂၇) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်ရဲ့အချစ်တော် ကျော်ထက်ဇော်

Posted on

ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ(၆) ရက်နေ့လေးကတော့ ကျော်ထက်ဇော်ရဲ့ အသက်(၂၇) နှစ်ပြည့်မွေးနေ့လေးပါ။ MRTV-4 မင်းသားတစ်လက်အနေနဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ထားတဲ့ ကျော်ထက်ဇော်ကတော့ အခုဆိုရင် အားပေးသူအမာခံပရိသတ်တွေနဲ့ အနုပညာလောကမှာ အခိုင်အမာရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ သူ့ရဲ့မွေးနေ့အတွက်လည်း မွေးနေ့မတိုင်ခင်ကတည်းက အလှူအတန်းများစွာလုပ်ခဲ့ပါတယ်။ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အထွေထွေပဒေသာပင်အနေနဲ့ ငါးသိန်းလှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် အလှူငွေ(၁၀)သိန်း၊ ကိုလူချောအဖွဲ့အတွက် အလှူငွေ(၃)သိန်းလှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် အမြဲလှူဒါန်းပေးနေကြဖြစ်တဲ့ မခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာလည်း ကလေးတွေနဲ့အတူ မွေးနေ့ကိတ်ခွဲခဲ့ပြီး လိုအပ်တာတွေလှူဒါန်းပေးခဲ့ပါတယ်။

ကျော်ထက်ဇော်ကတော့ မွေးနေ့အကြိုကတည်းက လိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းပေးရင်း အသက်(၂၇) နှစ်ပြည့်မွေးနေ့လေးကို မိတ်ဆက်ခဲ့ပါတယ်။ အခုလို အများအကျိုးကို ကြည့်ပေးတတ်တဲ့ ကျော်ထက်ဇော်တစ်ယောက် ဒီနေ့မွေးနေ့လေးကစပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Source – Kyaw Htet Zaw
Rainbow- Cele Gabar