လူတစ်ယောက်နဲ့ပတ်သက်ပြီး ဘာခံစားချက်မှမရှိတော့ဘဲနေရတာ ပိုသာယာပါတယ်ဆိုတဲ့ G-Fatt

Posted on

ပရိသတ်အချစ်တော် G-Fatt ကတော့ သရုပ်ဆောင်နန်းဆုရတီစိုးနဲ့အတူ လူတိုင်းအားကျရတဲ့ချစ်သူဘဝကို တည်ဆောက်ခဲ့ဖူးသူပါ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် နှစ်ယောက်သားလမ်းခွဲပြတ်စဲမှုအပြီးမှာတော့ G-Fattရဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး ဘာမှမကြားရတော့သလို G-Fatt ကတော့ သီချင်းတွေပဲ ပိုပြီးအားစိုက်ဖန်တီးဖြစ်နေတယ်လို့ ဆိုရမှာပါ။

မနေ့ညကတော့ G-Fatt တစ်ယောက် သူအိပ်ရာဝင်ခါနီးတွေးမိတဲ့အတွေးလေးကို မျှဝေခဲ့ပါတယ်။ ” တစ်ဦးတစ်ယောက်အား သဝန်တိုရခြင်း ၊ချော့ရခြင်း ၊ ရန်ဖြစ်ထားတဲ့ညဆို အိပ်မရခြင်း ၊ဝမ်းနည်းရခြင်း ၊ ဒေါသထွက်ရခြင်း၊ ပူဆွေးလွမ်းဆွတ်ရခြင်း၊ ချုပ်ချယ်ခံရခြင်းနှင့် ချုပ်ချယ်လိုခြင်း အစရှိသော စိတ်ပင်ပန်းမှုများ အလျှင်းမရှိသော ငါ့ဘဝကြီးကား သာယာလှပေစွ ဟု တွေးတောဆင်ခြင်မိကာ ကျေနပ်စွာ ပြုံး၍ နှစ်ခြိုက်စွာ အိပ်စက်တော့မည် ဖြစ်ပါသည်” ဆိုတဲ့စာသားလေးကို ရေးသားမျှဝေခဲ့ပါတယ်။

ချစ်ခြင်းမေတ္တာတွေထဲမှာ (၁၅၀၀) အချစ်ကတော့ ဘယ်လိုမှမအေးချမ်းနိုင်တာ ပရိသတ်ကြီးလည်း သိမှာပါနော်.. ကိုယ်ချစ်တဲ့သူနားမှာရှိနေရပေမယ့် G-Fatt ပြောသလိုပဲ အမျိုးမျိုးသော ပူလောင်မှုတွေကတော့ အနည်းနဲ့အများခံစားရမှာ အသေအချာပါ။ G-Fatt ကတော့ တစ်ယောက်တည်းဘဝနဲ့က ပိုသာယာသလို ကောင်းကောင်းလည်းအိပ်ပျော်တဲ့အကြောင်း သူ့အတွေ့အကြုံလေးနဲ့ယှဉ်ကာ ရေးသားမျှဝေခဲ့တာပါ။ ပရိသတ်ကြီးရော G-Fatt ရဲ့စကားကို ထောက်ခံကြရဲ့လား။


Source – G-Fatt
Rainbow- Cele Gabar