လူမှုကွန်ရက်ပေါ်မှာ အတော်လေးဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမေစုရဲ့လက်ရေးမှုကဗျာကတော့ မနေ့ကည(၉) နာရီအချိန်မှာပဲ သိန်းပေါင်း(၂၄၀၀) နဲ့ လေလံပြီးဆုံးသွားခဲ့ပါတယ်။ လူတို့ရဲ့သဘောဆန္ဒအရ လေလံအောင်သွားတဲ့သူကို စိတ်ဝင်စားမှုမြင့်တက်နေကြသလို အမျိုးမျိုးသောသတင်းအမှားတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။
မောင်မောင်အေးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ” လိုင်းပေါ်တက်နေတဲ့ပုံတစ်ပုံမှာ လေလံအောင်တဲ့ပုဂ္ဂိုလ်မဟုတ်ကြောင်းရယ်… အဲ့ဒီကဗျာကို ပွဲအတွက်ပြင်ဆင်ဖို့ယူသွားမလို့ ကားထဲထည့်ကာနီး ကိုယ်နဲ့ခင်တဲ့အမက တိုက်တိုက်ဆိုင်ဆိုင်တွေ့သွားတာနဲ့ မှတ်တမ်းတင်ချင်တယ်ဆိုလို့ ဓါတ်ပုံပေးရိုက်လိုက်တာပါ…အဲ့အချိန်တုန်းကလည်း လေလံဈေးက သိန်း (၁၃၅၀) ထိပဲရှိသေးပြီး ဘယ်သူ့ဆီရောက်မလဲမသိသေးတဲ့အချိန်ပါ…. ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာ သတင်းမှားတွေပျံ့နေတဲ့အတွက် တကယ်လေလံအောင်တဲ့သူကိုလည်း ဒီနေရာကနေ အားနာမိကြောင်းတောင်းပန်အပ်ပါတယ်…အဲ့ဒီပုဂ္ဂိုလ်ကြီးအနေနဲ့ နားလည်နိုင်ပြီး ဘာမှ စိတ်မရှိမှာသိနေပေမင့် နောက်ဆိုပိုဆင်ခြင်ပါ့မယ်ခင်ဗျာ” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။
အမေစုရဲ့ကဗျာကိုပိုင်ဆိုင်သွားသူကတော့ လတ်တလောလိုင်းပေါ်မှာ ပျံ့နေတဲ့သူတွေ တစ်ယောက်မှ မဟုတ်ပါဘူးတဲ့။ သူကတော့ လက်ရှိစီးပွားရေးလောကမှာ ကျိကျိတက်ချမ်းသာသူတစ်ယောက်ဖြစ်ပေမယ့် ထင်ပေါ်ကျော်ကြားလိုစိတ်မရှိတဲ့ မြန်မာနိုင်ငံသားကောင်းစစ်စစ်တစ်ယောက်ဖြစ်ကြောင်း မောင်မောင်အေးကတော့ လေလံအောင်သူနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေတဲ့ပရိသတ်ကြီးအတွက် အနည်းငယ်မျှဝေပေးခဲ့ပါတယ်။
Source – Mg Mg Aye
Rainbow- Cele Gabar