ကမ္ဘာကျော်မင်းသားချော James Franco ဖွင့်တဲ့ အနုပညာကျောင်းမှာ တက်ခဲ့ဖူးတယ်ဆိုတဲ့ ဥက္ကာမင်းမောင်

Posted on

တောင့်တင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ Mister Tourism Myanmar 2016 ဆုရှင် မော်ဒယ်မင်းသားချော ဥက္ကာမင်းမောင်ကတော့ Mister Tourism World 2016 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကာ Mister Tourism World 2016 Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလည်းဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာကိုရရှိထားသူပဲဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ကတော့ ကမ္ဘာကျော်မင်းသားချောဖြစ်တဲ့ James Franco ဦးစီးဖွင့်ထားတဲ့ Studio 4 acting school ဆိုတဲ့ အနုပညာကျောင်းမှာ ပညာသင်ယူခဲ့ဖူးကြောင်းကို “တချိန်က James Franco ဖွင့်တဲ့ Studio 4 acting school မှာ ကျောင်းတက်ခဲ့စဉ် သူနဲ့ ကျောင်းဆင်းပွဲမှာဆုံတုန်းအမှတ်တရ.. ကိုယ့်ရဲ့ crush ဆိုလဲ ဟုတ်တယ်.. ဟီး.. အပြင်မှာ လူအကောင်လိုက်ကြီးလဲ တွေ့ရော ခြေမကိုင်မိ လက်မကိုင်မိ.. ဘာပြောလို့ပြောရမှန်းမသိ ပြာယာခတ်တာ.. သူ့ကို ဘာပြောလိုက်မှန်းတော့ မမှတ်မိတော့ပါဘူး.. တောင်စဉ်ရေမရ အမှတ်တရ selfie.. ပုံဟောင်းလေး တွေ့လို့ ပြန်တင်တာ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ကမ္ဘာကျော်မင်းသားချော James Francoကိုတော့ ပရိသတ်တွေတစ်ချိန်ကအားပေးခဲ့ရတဲ့ Spider Man ရုပ်ရှင်ဇာတ်ကားတွေမှာ Spider Man ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Harry Osborn အဖြစ် မှတ်မိနေမယ်ထင်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မော်ဒယ်မင်းသားချော ဥက္ကာမင်းမောင်ကတော့ ကမ္ဘာကျော်မင်းသားချောဖြစ်တဲ့ James Franco ဦးစီးဖွင့်ထားတဲ့ Studio 4 acting school ဆိုတဲ့ အနုပညာကျောင်းမှာ အနုပညာပညာရပ်တွေကို သင်ယူခဲ့ပါတာတဲ့နော်။

Source: Okkar Min Maung
DarDar-CeleGabar