ပွဲချစ်သူတွေအတွက် ငွေ(၇၀၀၀) ကျော်နဲ့ သုံးလစလုံး ကြည့်ရှုနိုင်တော့မယ့် ဖိုးချစ်သဘင်

မြန်မာ့သဘင်လောကတိုးတက်ရေးအတွက် အမြဲစဉ်းစားနေတဲ့ဖိုးချစ်ကတော့ မကြာသေးခင်က အစီအစဉ်လေးတစ်ခုကို မိတ်ဆက်ခဲ့ပြီး ဒီနေ့မှာတော့ စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နေရာစုံက မြန်မာ့သဘင်ချစ်သူတွေ အခုလိုကိုဗစ်ကာလမှာလည်း ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူကြည့်ရှုနိုင်အောင်နဲ့ သဘင်သည်တွေရဲ့စားဝတ်နေရေးအတွက် အခုလိုအစီအစဉ်လေးကို ကြိုးစားခဲ့တာပါ။

ဖိုးချစ်ရဲ့အရင်တုန်းက ကခဲ့တဲ့ သဘင်အကအလှတွေအပြင် နောက်ထပ်အသစ်တွေ၊ အခြားနိုင်ငံကျော်အနုပညာရှင်တွေရဲ့ဖျော်ဖြေမှုတွေကို Facebook Group ထဲကနေတဆင့် တင်ဆက်ပေးသွားမှာဖြစ်ပြီး အခုလိုကြည့်ရှုနိုင်ဖို့အတွက်လည်း သုံးလစလုံးအတွက်ကိုမှ ငွေ(၇၇၇၇)ကျပ်ပဲ ကျသင့်မှာပါ။ ပွဲချစ်သူတွေ အပြင်မှာ မိသားစုလိုက်ပွဲတစ်ခါကြည့်ရင်တောင် လေး၊ငါးသောင်းကျသင့်တာမို့ ဖိုးချစ်ရဲ့အခုအစီအစဉ်လေးကတော့ တကယ်ကိုလက်မလွှတ်သင့်တဲ့ အစီအစဉ်လေးပါပဲ။

သဘင်အကတွေအပြင် ဒီ Group လေးထဲမှာ စကားဝိုင်းလေးတွေ၊ ကျန်းမာရေးညွှန်ကြားချက်လေးတွေ၊ သူကခဲ့တဲ့ပွဲတွေထဲက ပရိသတ်ပြန်လည်တောင်းဆိုထားတဲ့ဟာတွေကို ဆက်တိုက်တင်ပေးသွားမှာပါ။ ဒီနေ့မှာတော့ ပထမဆုံးအနေနဲ့ ” တောင်ပြုံးပွဲကြီး အမှတ်တရ” သဘင်လေးကို တင်ဆက်ပေးသွားမှာပါ။ Live တင်ဆက်မှုတွေအပြင် ပရိသတ်အတွက်ကောင်းနိုးရာရာလေးတွေကို တင်ပေးသွားမှာမို့ ဖိုးချစ်ရဲ့သဘင် Group လေးကို ဘယ်လိုဝင်ရမလဲ မသိသေးတဲ့ပရိသတ်ကြီးအတွက် ဗွီဒီယိုလေးနဲ့မျှဝေပေးလိုက်ပါတယ်နော်။

Source – မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်သဘင်
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x