မုန်းစွဲရုပ်ရှင်ထဲက အမွှာလေးနှစ်ယောက်နဲ့ အတူ သီချင်းသီဆိုခဲ့တဲ့ အေးမြဖြူရဲ့ ဗီဒီယိုလေး

Posted on

ပရိသတ်အချစ်တော် အေးမြဖြူလေးကတော့ ကလေးသရုပ်ဘဝထဲက နေ ပရိသတ်ချစ်ခင်မှုရရှိထားတဲ့သူဖြစ်ပြီး မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကြီးအပြီးမှာတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တာပါ ။ အေးမြဖြူကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

လတ်တလောမှာတော့ မုန်းစွဲရုပ်ရှင်ကားကြီးထဲမှာ ပါဝင်ထားတဲ့ အမွှာလေး နှစ်ယောက်ဖြစ်တဲ့ ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်ဆိုတဲ့ အမွှာလေးနှစ်ယောက်နဲ့အတူ သီချင်းလေးတစ်ပုဒ်ကို အတူတူသီဆိုခဲ့ပါတယ် ။ မုန်းစွဲရုပ်ရှင်ထဲက အမွှာလေးနှစ်ယောက်နဲ့ shooting အပြန် You Are My Sunshine သီချင်းလေးအပျော်ဆိုဖြစ်ခဲ့ကြသည်ပေါ့နော် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

You are my Sunshine ဆိုတဲ့သီချင်းလေးက လူတိုင်းနီးပါး သိတဲ့သီချင်းလေးဖြစ်ပြီး အေးမြဖြူနဲ့ အမွှာလေးနှစ်ယောက်ရဲ့ ချစ်စဖွယ်သီဆိုမှုလေးကိုလည်း ပရိသတ်တွေက အရမ်းကိုအားပေးခဲ့ကြပါတယ် ။ အေးမြဖြူနဲ့ အမွှာလေးနှစ်ယောက်ကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် လည်း သူမတို့ရဲ့ချစ်စဖွယ်သီဆိုမှု ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

https://www.facebook.com/ayemya.phyu.9619/posts/638407613777226

Source : Aye Mya Phyu
Emily (Cele Gabar)