ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကို ဟာ အိမ်ထောင်မပြုခင်အချိန်ထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိခဲ့တာပါ။ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားခဲ့ပြီး ပရိသတ်နဲ့နှစ်ပေါင်းများစွာ အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ် ။
လတ်တလောမှာတော့ ချမ်းမီမီကိုတစ်ယောက် သူမရဲ့ဖေ့ဘုတ်စ်အကောင့်ကနေတဆင့် ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့နေပြီဖြစ်ပါတယ် ။ လက်ရှိသူမရဲ့ဘဝဖြတ်သန်းမှုပုံစံကတော့ တရားဘာဝနာတွေကိုပဲ အချိန်ပေးလုပ်ဖြစ်နေပြီး ချမ်းမီက ဉာဏ်းနည်းတဲ့အတွက် ဒီတရားတွေကိုအချိန်ပေးပြီးလေ့လာမှသာလျှင် သဘောပေါက်တာဖြစ်တဲ့အတွက် ဆရာတော်ကြီးတွေရဲ့တရားတွေကိုလိုက်နာဖြစ်တယ်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ အနုပညာအလုပ်တွေကိုလည်း အရင်လိုပြန်လည်လုပ်ဆောင်သွားမှာဖြစ်ပြီး တဖက်မှာလည်း တရားအလုပ်တွေကို ဆက်လက်လုပ်ကိုင်ဦးမှာဖြစ်တယ်လို့ လည်း သိရပါတယ် ။
လက်ရှိမှာတော့ (၅)နှစ်အရွယ် သားလေးတစ်ယောက်ရှိပြီး သူမထက်အနုပညာဝါသနာပါသလို သူမထက်လည်း ပိုတော်တယ်လို့သိရပါတယ် ။ သားလေးက(၅)နှစ်ရှိပြီး သူက အနုပညာကို ရူးသွပ်ပေမဲ့ အရမ်းငယ်သေးတော့ အနုပညာကို မလုပ်ခိုင်းသေးဘူးလို့ ချမ်းမီမီကို ဆယ်လီကမ္ဘာအင်တာဗျူးမှာဖြေဆိုခဲ့ပါတယ် ။
Source : Chan Mi Mi Ko
Emily (Cele Gabar)