ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သားအဖသုံးယောက် အတူတူ ဖျော်ဖြေခဲ့တယ်ဆိုတဲ့ ပန်းရောင်ခြယ်

Posted on

အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို လှုပ်ကိုင်ခဲ့တဲ့ အဆိုတော် ဂရေဟမ်ကတော့ သူ့ရဲ့အနုပညာအမွေကိုဆက်ခံထားတဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ဆိုတဲ့ သမီးလေးနှစ်ယောက် နဲ့အတူ အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်နေတာဖြစ်ပါတယ် ။ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပြီး ပရိသတ်တွေအမြဲအားကျနေရတဲ့ ဆယ်လီမိသားစုလို့တောင်ဆိုရမှာပါ ။

လတ်တလောမှာတော့ ပန်းရောင်က သူမဘဝရဲ့ပထမဆုံးအတွေ့ကြုံလေးအကြောင်းကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဘဝမှာ အမှတ်တရပထမဦးဆုံးအကြိမ် သားအဖသုံးယောက်အတူ FG LIVE LOUNGE ပွဲအတွက် ဖျော်ဖြေခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို သားအဖ သုံးယောက် Live ဖျော်ဖြေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ် ။

ချစ်စရာကောင်းပြီး အတွဲညီညီဖျော်ဖြေသွားခဲ့တဲ့ ပန်းရောင်တို့ သားအဖသုံးယောက်ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိသတ်တွေက အရမ်းကိုသဘောကျနေကြပြီး ဒီ Live လေးကိုလည်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေအများကြီးရှိခဲ့ပါတယ် ။ Live မမီလိုက်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း ပန်းရောင်တို့သားအဖ သုံးယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

Source : Pan Yaung Chel
Emily (Cele Gabar)